တကယ်တော့ သင့်ဘဝကို တိုးတက်အောင်ပြုလုပ်ချင်တာက ထင်သလောက်မခက်ခဲပါဘူး။ အတွေ့အကြုံကောင်းတွေလေ့လာဖို့နဲ့ လက်တွေ့ လုပ်ဆောင်ဖို့ပဲ လိုအပ်ပါတယ်။ အခုပြောပြပေးမှာက သင့်ဘဝကို ပိုကောင်းလာအောင် ပြုလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ အချက် (၅) ချက်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ပါဦး။

(၁) သင်ယူမှုအသစ်တွေ လုပ်ပါ

သင်ယူမှုအသစ်တခုကို အချိန်ပေးပြီးသင်ယူတာက သင့်ဘဝကိုချက်ချင်းနဲ့ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာစေပါတယ်။ ဥပမာ – ဘာသာစကားအသစ်တခုသင်ယူတာမျိုးပါ။ ဘာသာစကားတခုထက်ပိုတတ်မြောက်ခြင်းက သင့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းစေတဲ့အပြင် တခြားအကျိုးကျေးဇူးတွေပါရနိုင်ပါတယ်။

(၂) သင့်ကိုချစ်တဲ့သူတွေနဲ့အတူ အချိန်ဖြုန်းပါ

သင့်မိတ်ဆွေအသိုင်းအဝိုင်းကိုပြန်ဆန်းစစ်ကြည့်ပါ။ တကယ်လို့သင့်ကိုလိုအပ်လို့အသုံးချနေသူတွေ မလိုအပ်ဘဲဖိအားပေးနေတဲ့သူတွေရှိရင် သူတို့နဲ့အဆက်အသွယ်လုပ်တာကို လျှော့လိုက်ပါ။ ပြီးရင် သင့်ကိုအမှန်တကယ်ချစ်ခင်တဲ့သူတွေကို ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ပါ။ အခု သင့်မှာ ဒီလိုလူတွေမရှိသေးဘူးဆိုရင်တောင် ရှေ့လျှောက် စစ်မှန်တဲ့ဆက်ဆံရေးတွေကိုပဲတည်ဆောက်သွားပါ။

(၃) တက်ကြွတဲ့လူနေမှုပုံစံရှိပါစေ

အခုခေတ်မှာ လူတွေဟာအပြင်ထွက်ဈေးဝယ်မယ့်အစား ကွန်ပျူတာရှေ့ကနေ အွန်လိုင်းကဈေးဝယ်တာအပြင် စာသင်တာတွေပါလုပ်နိုင်ကြပါတယ်။ လှုပ်လျားမှုနည်းတဲ့လူနေမှုပုံစံက အဝလွန်တာ၊ နှလုံး၊ သွေးတိုးစတဲ့ ကျန်းမာရေးအတွက်ဘေးထွက်ဆိုးကျိုးတွေအပြင် စိတ်ပိုင်းဆိုင်ရာကိုလဲ သက်ရောက်မှု ရှိစေပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လှုပ်လျားမှုရှိတဲ့ လူနေမှုပုံစံမျိုးရှိအောင်ပြုလုပ်သင့်ပါတယ်။

(၄) ဒဏ်ရာဟောင်းကို ကုသပါ

တကယ်လို့သင်ရဲ့ Relationship တစ်ခုပျက်စီးခဲ့ဖူးတယ်ဆိုရင် အကျိုးဆက်ကနောက်လူတွေကိုပါ သက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်မှာရှိနေတဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုသမလဲစဉ်းစားဖို့လိုပါတယ်။ သင့်ဘဝထဲကို နောက်ထပ်ဝင်လာမယ့်သူတွေ အကုန်လုံး ဒီလိုပဲဖြစ်နေမှာ မဟုတ်ပါဘူး။ ဖြစ်ခဲ့သမျှကို ပြန်တွေးပြီးခံစားနေမယ့်အစား အတွေ့အကြုံအဖြစ်သင်ခန်းစာယူပြီး နေ့ရက်အသစ်တွေကို ပြန်စဖို့လိုက်ပါ။

(၅) သင့်ကိုသင်ကြင်နာပါ

အထူးသဖြင့် သင်ကြုံတွေ့နေရတဲ့ပြသနာတွေမှာကျရှုံးမှုတွေရှိနေရင်တောင် သင့်ကိုယ်သင်ကြင်နာဖို့ဘယ် တော့မှ မမေ့ပါနဲ့။ မနက်ဖန်တိုင်းဟာ ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အခွင့်အရေးသစ်တွေပါပဲ။ ပြီးပြည့်စုံတဲ့သူဆိုတာမရှိတဲ့အတွက် သင့်ကိုယ်တိုင်မှာလဲ တခါတရံ မပြည့်စုံတာ တွေ့ရင် ခွင့်ပြုပေးဖို့လိုပါတယ်။ သင့်မထိန်းချုပ်နိုင်တဲ့အရာတွေအများကြီးရှိပေမယ့် သင်လုပ်နိုင်တာကိုသာအကောင်းဆုံးလုပ်ဆောင်ပါ။

Photo : Shutterstock