လူတော်တော်များများက ကိုယ့်ကိုယ်ကို မြှင့်တင်ချင်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဆိုရင် အခုပြောပြမယ့်အချက်တွေကို သေချာလိုက်လုပ်ကြည့်ပါ။ ဒါတွေက သင့်ကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ် အောင်မြင်မှုနှစ်ခုစလုံးအတွက် ချက်ချင်းအကျိုးသက်ရောက်မှုရှိစေမယ့် အရာတွေပါ။

စိတ်ဝင်စားမှုကို ရှာပါ

သင်စိတ်ဝင်စားတာက ဘာလဲ ? သင့်အရည်အချင်းကကော ? ဒါတွေကိုသေချာသိဖိုက မိမိကိုယ်ကို တိုးတက်စေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

ဝါသနာပါတာကိုလုပ်ပါ

ကိုယ်ဝါသနာပါတာကို အကောင်အထည်ဖော်တာကလည်း ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်မယ့်နည်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ကိုယ့်ရဲ့ဝါသနာကို ပြုစုပျိုးထောင်ပါ။

ဘာသာစကားလေ့လာပါ

ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် သင်တာကလည်း ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးသလို ကိုယ့်ရဲ့အလုပ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။

စိတ်နဲ့ကိုယ် အနားယူပါ

အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းနေတဲ့စိတ်နဲ့ကိုယ်ကို Relax ဖြစ်အောင်နေတာကလည်း ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့ မဖြစ်မနေလုပ်ရမယ့်အချက်တွေထဲက တစ်ခုပါ။

ပိုက်ဆံစုပါ ရင်းနှီးမြုပ်နှံပါ

ကိုယ့်ရဲ့စိတ်ကူးအိပ်မက် ငွေကြေးအနာဂတ်ကို ပုံဖော်ပါ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုယ်ပိုင်ငွေစီမံခန့်ခွဲမှုအကြောင်း လေ့လာပါ။

ဝါသနာအသစ်ရှာပါ

အရင်က မလုပ်ဖူးတဲ့အရာတစ်ခုကို လုပ်ကြည့်ပါ။ ကျွမ်းကျင်မှုအသစ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်တာကလည်း စိတ်လှုပ်ရှားမှုနဲ့အတူ ယုံကြည်မှုလည်း တိုးစေပါတယ်။

အားသာချက်ကိုရှာပါ

ကိုယ်တတ်ထားပြီးသားအရာတစ်ခုကို ပိုကောင်းအောင်လုပ်ပါ။ ဒါကို ဆက်လေ့လာပြီး အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပါ ၊ ကြိုးစားပါ။ များများလေ့ကျင့်လေလေ ပိုကောင်းလေပါပဲ။