သင်က အလုပ်အားတာနဲ့၊ ဒါမှမဟုတ် စိတ်လေနေတဲ့အချိန်၊ အလုပ်မလုပ်ဘဲ အချိန်ဆွဲနေတဲ့အချိန် TikTok ထဲပဲ ခဏခဏ ဝင်နေမိသူလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ TikTok ထဲ အကျိုးရှိတာတွေ လိုက်ကြည့်နေတာက ဘာမှမဖြစ်ပေမယ့် သူများ လုပ်တာတွေ၊ သူများကတာတွေကို လိုက်ကြည့်နေရင် သင့်အတွက် အလကားပါပဲ။ ဒီတော့ TikTok မှာ အချိန်မကုန်တော့ဘဲ တခြားအစားထိုးလုပ်နိုင်မယ့် အကျိုးရှိတဲ့ အလေ့အကျင့်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Playlist တွေကို ပြန်စစ်ပါ

သင့်သီချင်း Playlist မှာ ဘယ်သီချင်းကို ထပ်ပေါင်းဖို့လိုလဲ၊ ဘယ်သီချင်းကို ဖျက်ပစ်လို့ရပြီလဲ ပြန်စစ်နိုင်ပါတယ်။ သင့်အတွက် လတ်တလော လိုအပ်တဲ့ Playlist က ဘာဖြစ်မလဲ ပြန်တွေးနိုင်ပါတယ်။

၂။ သီချင်းနားထောင်ရင်း လမ်းလျှောက်ပါ

Tiktok က သီချင်းတွေမကြည့်ဘဲ ကိုယ့်သီချင်းနဲ့ကိုယ် လမ်းလျှောက်နိုင်သလို ဗဟုသုတ ရတဲ့ စာအုပ် Audio, Podcast တွေ နားထောင်ရင်း လမ်းလျှောက်နိုင်ပါတယ်။

၃။ သင်ဖတ်မယ် တွေးထားတဲ့ စာအုပ်ကို စဖတ်ပါ

တခြား အကျိုးမရှိတာတွေ လုပ်မယ့်အစား သင်ဂျောင်ထိုးထားတဲ့ စာအုပ်တွေကို ရှာပြီး အချိန်ပေး ဖတ်သင့်ပါတယ်။

၄။ ကိုယ်ပိုင် အရာတစ်ခုမွေးဖွားပါ

ကိုယ်ပိုင် နှစ်သက်တဲ့ ရေမွှေးရနံ့၊ အနုပညာစတိုင်၊ ဝါသနာ အသစ်စတာတွေကို Tiktok မကြည့်ဘဲ ရှာဖွေလို့ရပါတယ်။ ဒီလို ကိုယ်ပိုင် စတိုင်ရှိတာက သင့်ကို လူကြားထဲ ထူးခြားစေပါတယ်။

၅။ အဝတ်အစားတွေကို ပြန်စီစဉ်ပါ

ဘယ်ပွဲ သွားရင် ဘယ်လို ဝတ်မလဲ၊ ဘယ်နေရာသွားရင် ဘာဝတ်မလဲ စသဖြင့် ကိုယ် လုပ်နေကျ အရာတွေ၊ နေရာတွေမှာ ဘယ်အင်္ကျီဝတ်မလဲ စသဖြင့် ပြန်စဉ်းစားနိုင်ပါတယ်။

၆။ Journal Idea တွေရှာပါ

Tiktok သုံးရမယ့်နေရာမှာ Journaling Idea တွေကို ရှာနိုင်ပါတယ်။ ဘယ်လိုအရာတွေ သင်နှစ်သက်လဲ၊ သင့်ဘဝအိပ်မက်က ဘာလဲ၊ သင်က ဘယ်လောက်တော်လဲ စသဖြင့် Journaling လုပ်နိုင်ပါတယ်။

၇။ ဟင်းအသစ်ချက်ပါ

ကိုယ်စားဖို့အတွက် ဖြစ်ဖြစ်၊ ကိုယ် ချစ်ရတဲ့သူကို ကိုယ့်လက်ရာ ကျွေးချင်လို့ပဲ ဖြစ်ဖြစ် ဟင်းချက်လေ့ကျင့်နိုင်ပါတယ်။

၈။ အခန်းရှင်းပါ

သင်က Tiktok မသုံးဘဲ အခန်း သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ အခန်းထဲက ဟောင်းနေတဲ့အရာတွေကို လဲလှုယ်နိုင်ပါတယ်။ ကိုယ့်အခန်းထဲ လိုအပ်မယ့် အလှဆင် တန်ဆာပလာတွေကို ရှာဖွေနိုင်ပါတယ်။

၉။ ကျွမ်းကျင်မှု တစ်ခုခုကို လေ့ကျင့်ပါ

ဥပမာ- သင်က လက်ရေးကျင့်နေတယ်ဆိုရင် ဒါကို အချိန်ပေး လေ့ကျင့်နိုင်ပါတယ်။ ကိုယ်ကျွမ်းကျင်ချင်တဲ့အရာကို Tiktok သုံးတဲ့နေရာမှာ အစားထိုးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar