လူတိုင်းက ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွက်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လဲ မိမိကိုယ်ကိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ စိတ်ပျော်ရွှင် ကျန်းမာမှုက ရုပ်ပိုင်းဆိုင်ရာအတွက်သာမက သင့်ပတ်ဝန်းကျင်ကိုပါ သက်ရောက် မှုရှိစေပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်လို့ရတဲ့ အချက် လေးတွေကိုအခုပဲပြောပြပေးပါမယ်။

(၁) ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ

ပထမဆုံးအရေးကြီးတာက ကိုယ့်ကိုယ်ကိုလေးစားဖို့ပါ။ သင့်ကိုယ်သင် ကြင်နာစွာဆက်ဆံပါ။ သင်အကြိုက်ဆုံးဝါသနာတွေအတွက် အချိန်ပေးလုပ်ကိုင်ပါ။ ပဟေဋ္ဌိဆော့တာ အပင်စိုက်တာလို ဝါသနာလေးတွေက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ကျေနပ်ပျော်ရွှင်စေပါတယ်။

(၂) သင့်အနားမှာ လူကောင်းတွေရှိပါစေ

မိသားစုဝင်ကောင်းတွေ ဒါမှမဟုတ် လူမှုဆက်ဆံရေးများများရှိတဲ့သူတွေဟာ များသောအားဖြင့် မရှိတဲ့သူတွေထက်ပိုကျန်းမာကြပါတာကိုတွေ့ရပါတယ်။ မကြာခန မိတ်ဆွေသူငယ်ချင်းတွေနဲ့တွေ့ဖို့ အစီအစဉ်ဆွဲပါ ဒါမှမဟုတ် ဝါသနာတူတဲ့သူတွေစုဖွဲ့ထားတဲ့ အသင်းအဖွဲ့မျိုးတွေကို ဝင်ရောက်ပါ။

(၃) စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ရမလဲလေ့လာပါ

ကြိုက်သည်ဖြစ်စေ မကြိုက်ဖြစ်စေ လူတိုင်းအတွက်စိတ်ဖိစီးမှုက ဘဝရဲ့အစိတ်အပိုင်းပါပဲ။ ဒါ့ကြောင့် ကောင်းမွန်မှန်ကန်တဲ့နည်းလမ်းနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းဆိုတာလေ့လာပါ။ ဥပမာ အပြင်ထွက်လမ်း လျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ သဘာဝပတ်ဝန်းကျင်ကိုခံစားတာတွေလုပ်ပါ။ အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ကစားတာ ရယ်မောတာတွေလုပ်ပေးပါ။

(၄) တိတ်ဆိတ်စွာနေကြည့်ပါ

တရားထိုင်တာ၊ သတိပြုဆင်ခြင်တာနဲ့ ဆုတောင်းတာတွေလုပ်ပါ။ တရားထိုင်ပြီး စိတ်အပန်းဖြေတာ၊ ဆုတောင်းတာတွေက သင့်စိတ်အခြေအနေနဲ့ ဘဝအပေါ်ထားတဲ့သင့်ရဲ့အမြင်တွေကိုတိုးတက်စေပါတယ်။ သုတေသနပြုချက်တွေအရလဲ တရားထိုင်တာက စိတ်ကိုအေးဆေးစေပြီး တခြားကုထုံးတွေကိုလဲ တိုးတက်ကောင်းမွန်စေပါတယ်။

(၅) အရက်နဲ့ မူးယစ်ဆေးဝါးများရှောင်ပါ

အရက်နဲ့ ဆေးသုံးစွဲတာက စိတ်ပိုင်းဆိုင်ရာကိုများစွာထိခိုက်စေပါတယ်။ တခါတရံ အရက်နဲ့ ဆေးဝါးအနည်းငယ်ကို ကုသမှုတချို့အတွက် အသုံးပြုကြသော်လည်း လက်တွေ့မှာပြသနာကိုပိုဆိုးသွားစေပါတယ်။ ဒ့ါကြောင့် သင့်အနေနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေး တိုးတက်ကောင်းမွန်ချင်ရင် အရက်နဲ့ မူးယစ်ဆေးဝါးကိုရှောင်ပါ။

Photo : Shutterstock