ရာသီလာတယ်ဆိုတာ မိန်းကလေးတွေအတွက် အဆန်းမဟုတ်တော့ဘူးဆိုပေမယ့်လည်း ကျန်းမာရေးကိစ္စဖြစ်နေတော့ ဂရုစိုက်ပေးဖို့တော့လိုတာပေါ့။ ဒီလိုအချိန်မျိုးတွေမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာကောင်းတာကြောင့် မလုပ်သင့်တဲ့အရာတွေကို သိထားမယ်ဆိုရင် ခက်ခက်ခဲခဲ ကျော်ဖြတ်နေစရာမလိုတော့ဘူးပေါ့။

နည်းလမ်းမမှန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

ရာသီလာနေတဲ့အချိန်မျိုးမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးတွေကို လုပ်တာက သင့်ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရာသီစက်ဝန်းထဲကို ရောက်နေတဲ့အချိန်မျိုးမှာ ယောဂလေ့ကျင့်ခန်း ဒါမှမဟုတ် ရေကူးတာမျိုးတွေကိုပဲ လုပ်ပေးသင့်ပါတယ်။ ယောဂလေ့ကျင့်တဲ့အခါမှာ စိတ်လည်းတည်ငြိမ်ပြီး သင့်ခန္ဓာကိုယ်မှာရှိနေတဲ့ သွေးလှည့်ပတ်မှုစနစ်တွေကိုလည်း ပိုပြီးတော့ကောင်းမွန်စေပါတယ်။

စားချင်တာရှိရင် ထိန်းချုပ်မထားပါနဲ့

တချို့မိန်းကလေးတွေက ဝိတ်တက်မှာကြောက်တာတွေ ဝိတ်လျော့နေတဲ့အချိန်တွေ ဖြစ်နေတဲ့အခါမျိုးတွေမှာ အချိုစားတာတွေကို လုံးဝရပ်ထားတတ်ကြပါတယ်။ ရာသီလာနေတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝမ်းနည်းတာတွေ ဒေါသထွက်လွယ်တာမျိူးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ချောကလက်ကို တစ်နေ့တစ်ကြိမ်လောက်ပဲစားပေးမယ်ဆိုရင်တောင် ခန္ဓာကိုယ်က တောင့်တနေတဲ့အချိုဓာတ်ကို ရရှိသွားတာကြောင့် သင့်စိတ်ကလည်းလန်းဆန်းလာမှာပဲဖြစ်ပါတယ်။ ဝိတ်လည်းအရမ်းမတက်စေပါဘူးနော်။

ရေသောက်ဖို့လုံးဝမမေ့ပါနဲ့

ရေသောက်ဖို့မေ့နေတတ်တာကလည်း ကျန်းမာရေးဘက်ကနေကြည့်ရင် တော်တော်လေးကို ထိခိုက်မှုတွေရှိစေပါတယ်။ ပုံမှန်အချိန်မျိုးတွေမှာတောင် ရေကိုအမြဲဒီလိုမျိုးအချိန်မှာ ရေများများသောက်နိုင်မှာ ခန္ဓာကိုယ်ထဲမှာမလိုအပ်နေတဲ့ အရာတွေလည်းကုန်စင်သွားမှာပဲဖြစ်ပါတယ်။

ကိုက်ခဲနေတာကို ဆေးသောက်ဖို့စောင့်မနေပါနဲ့

ရာသီလာတဲ့အချိန်မှာ ဘယ်သူမဆိုကိုက်ခဲနာကျင်တဲ့ ဒဏ်တွေကိုခံစားရတာပါပဲ။ ဒီလိုအချိန်မှာ အကိုက်ခဲပျောက်ဆေးကို ချက်ချင်းမသောက်ပဲ သူ့ဘာသာပျောက်သွားမလားဆိုတာကို စောင့်မနေပါနဲ့။ အဲဒီလိုမျိုးလုပ်တာက သင့်ကိုပိုပြီးတော့နာကျင်မှုအချိန်ကို ပိုပြီးတော့ ကြာရှည်စေနိုင်ပါတယ်။

Photo Source: Pexels