အမျိုးသမီးတွေဆိုတာ တစ်ချို့အချက်တွေတော်တော်များများမှာ ယောက်ျားလေးတွေနဲ့မတူညီနေတာမျိုးတွေ ရှိတတ်ပါတယ်။ အိတ်တွေနဲ့ပတ်သက်ရင်လည်း ယောက်ျားလေးတွေအပြင်သွားရင် ခေါက်ပိုက်ဆံအိတ်လေးတစ်လုံးဆိုရင် အဆင်ပြေပြီဆိုပေမယ့် မိန်းကလေးတွေ အပြင်တစ်ခါထွက်တဲ့အခါမှာတော့ ဒါလေးတစ်ခုထဲနဲ့မရပါဘူး။ ဒီတော့ မိန်းကလေးတိုင်းရဲ့ ပိုက်ဆံအိတ်ထဲမှာ ဘယ်အချိန်ကြည့်ကြည့်ရှိနေသင့်တဲ့ အရာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

အရေးကြုံတဲ့အခါမျိုးမှာ သုံးဖို့အတွက် ပိုက်ဆံတော့အပိုဆောင်ထားသင့်ပါတယ်။ တခါတလေမှာ မမျှော်လင့်ပဲနဲ့ အရေးတကြီးကိစ္စတွေကြုံလာတဲ့အခါမှာတော့ သုံးဖို့အတွက်ပိုက်ဆံလေးတော့ အရေးပေါ်ဆောင်ထားသင့်ပါတယ်နော်။

ဖုန်းအားသွင်းကြိုးကလည်း ပျိုမေတို့ရဲ့အိတ်ထဲမှာ ထည့်ကိုထည့်ထားသင့်ပါတယ်။ တကယ်လို့ဖုန်းအားနည်းလာတဲ့အခါမျိုးမှာ အဆက်အသွယ်ပြတ်သွားတာမျိုးတွေ မဖြစ်ရလေအောင် ဖုန်းအားသွင်းကြိုးကိုတော့ အိတ်ထဲထည့်ထားဖို့လိုတယ်နော်။

Wet Tissue ကလည်းဆောင်ထားသင့်တဲ့အရာပါပဲ။ တစ်ရှူးလိုတယ်ဆိုပေမယ့်လည်း Wet Tissue ကျတော့အားလုံးအဆင်ပြေပြီး နေပူတဲ့နေ့တွေမှာဆိုရင်လည်း ချွေးထွက်တာမျိုးတွေအတွက် အဆင်ပြေစေမှုရှိပါတယ်။

ပူရှိန်းသကြားလုံး၊ ပီကေဆိုတာကလည်း ဆောင်ထားသင့်တဲ့အရာတစ်ခုပါပဲ။ အပြင်သွားလို့ ခံတွင်းကိုရှင်းလင်းစေချင်တယ်ဆိုရင်လည်း အဆင်သင့်စားပေးလိုက်ရင် ခံတွင်းနံ့ကိုလည်းလန်းဆန်းသွားစေမှာပဲဖြစ်ပါတယ်။

မိန်းကလေးဆိုတော့ အလှမပျက်ပဲအချိန်တိုင်းလှပနေဖို့လိုအပ်တာပေါ့။ ဒါကြောင့် နှုတ်ခမ်းနီ မိတ်ကပ်ပေါင်ဒါစတာတွေကို အိတ်ထဲမှာထည့်ထားပေးမယ်ဆိုရင် မိတ်ကပ်ပျက်သွားပြီထင်တိုင်း ထုတ်ပြီးပြင်ဆင်လို့ရတာပေါ့။

ပလာစတာလေးကလည်း ဆောင်ထားဖို့တော့လိုအပ်တယ်နော်။ ဘာလို့လည်းဆိုတော့ မတော်တဆဖိနပ်ပေါက်တဲ့အခါတွေမှာ ခြေထောက်တွေနာနေတတ်တာကြောင့် လမ်းလျှောက်ရတာလည်း အဆင်မပြေတာမျိုးတွေရှိလာတတ်တာပေါ့။ ဒါကြောင့် အရေးကြုံရင် အသုံးပြုလို့ရအောင် ပလာစတာလေးတော့ဆောင်ထားသင့်တယ်နော်။

Photo Source: Pinterest