မိန်းကလေးတွေအနေနဲ့ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူတို့ပြန်ချစ်တာကိုပဲ လိုချင်ကြမှာပါ။ ကိုယ့် Crush ဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ကိုယ်ဘယ်လိုနေရင် သူကိုယ့်ကို စိတ်ဝင်စားလာမလဲ။ ဒီလိုတွေ တွေးရပါတယ်။ ကြိုးစားရပါတယ်။

ဒါပေမဲ့ သင်မထင်ထားတဲ့ တချို့အချက်တွေက လွဲမှားနေတတ်ပါတယ်။ မိန်းကလေးတွေစိတ်ထဲမှာ သူတို့ဒီလိုလုပ်ရင်တော့ ကောင်လေးကို ဆွဲဆောင်နိုင်မယ်လို့ ထင်ထားတတ်ကြပါတယ်။ မိန်းကလေးတွေရဲ့ အပြုအမူအလွဲတွေကတော့-

၁။ မိတ်ကပ်များတာ

Source: GirlsAskGuys

တချို့တွေ သင်မြင်ဖူးမှာပါ။ မိတ်ကပ်ထူပိန်းပြီး မျက်တောင်တုတွေနဲ့ မိန်းကလေးအချို့ကိုပါ။ သူတို့စိတ်ထဲမှာတော့ ဒီလိုလိမ်းခြယ်တာက ဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ပါတယ်။ ဒါပေမဲ့ ဆံပင်အတုတွေ၊ မျက်တောင်တုတွေနဲ့ မိတ်ကပ်ထူထူတွေက ယောကျာ်းလေးတွေရဲ့ ခေါင်းထဲကို အတွေးမှားတစ်ခုထည့်ပေးလိုက်ပါတယ်။ ဒါကတော့ သင်ဟာ အတုအယောင်တွေနဲ့ နေထိုင်တဲ့ သူပဲလို့ သူတို့ထင်သွားကြတာပါ။ သူ့ကို ဘယ်လောက်ချစ်ပါစေ ကိုယ့်ရဲ့ ပုံစံအမှန်နဲ့ပဲ နေသင့်ပါတယ်။

၂။ ဘာမှမစားတာ

Source: GirlsAskGuys

ကိုယ့် Crush နဲ့အပြင်မှာ ဒိတ်တဲ့အချိန် ဗိုက်ထဲမှာ လေတွေနဲ့ပြည့်နေတတ်လား။ အရင်က အစားကြီးတဲ့ ကိုယ်ဟာ သူနဲ့တွေ့မှ ဟိုဟာ မစားချင်ဘူး။ ဒီဟာမစားချင်ဘူးနဲ့။ အရမ်းတွေ ဗိုက်တင်းနေတတ်ပါတယ်နော်။ တချို့ကျတော့လည်း ပဲများပြီး ဘာမှမစားတာပါ။ ဒီလိုမလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့ ပုံမှန်အကျင့်အတိုင်း ကိုယ်ကြိုက်တာတွေ စားလို့ရပါတယ်။ ဒီအမူအရာလေးတွေက သူတို့အတွက် ချစ်စရာကောင်းနေတတ်ပါတယ်။

၃။ သူပြောသမျှကို လိုက်ထောက်ခံတာ

Source: Slism

မိန်းကလေးအချို့က ယောကျာ်းတစ်ယောက်ကို သဘောကျတဲ့အချိန် သူ့ရဲ့ စိတ်ဝင်စားတာ အယူအဆတိုင်းကို လက်ခံတတ်ကြပါတယ်။ ဒီလိုလက်ခံလိုက်တာက ယောကျာ်းလေးတွေ သူတို့ကို ပိုသဘောကျသွားမယ်လို့ထင်တတ်ပါတယ်။ ဒါက မှားပါတယ်။ မိန်းကလေးတွေအနေနဲ့ ကိုယ်ပိုင်စံ၊ ယုံကြည်မှုတွေကို ရဲရဲဝံ့ဝံ့ပြောသင့်ပါတယ်။ ဒီလိုမိန်းကလေးတွေကို ယောကျာ်းလေးတွေက လေးစားတတ်ကြပါတယ်။

၄။ မလုပ်နိုင်ဘဲနဲ့ အတင်းဇွတ်လုပ်ပြတာ

Source: The Telegraph

ဥပမာ ဘီယာမသောက်နိုင်ဘဲနဲ့ သူအထင်ကြီးဖို့ ဘီယာစွတ်သောက်တာမျိုးပါ။ ယောကျာ်းလေးနဲ့ မိန်းကလေးဘီယာသောက်တာချင်းအတူတူပေမယ့် မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်က ဒီအရာတွေကို တုံ့ပြန်နိုင်စွမ်းတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ယောကျာ်းလေးတွေအတွက် အမှန်တကယ်ဆွဲဆောင်မှုရှိစေတဲ့ အပြုအမူကတော့ Night Out ထွက်တာ၊ အပြင်သွားတဲ့အချိန်တွေမှာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တဲ့အပြုအမူမျိုးပါ။ ပေါ့ပျက်ပျက်နဲ့ ကိုယ့်စိတ်ကိုယ်မနိုင်တဲ့ မိန်းကလေးမျိုးကို ဘယ်ကောင်လေးမှ သဘောမကျပါဘူး။

၅။ အမြှောက်လွန်ခြင်း

Source: Zoosk

မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကို ချီးမွမ်းတာက ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမဲ့ လိုတာထက်တော့ မပိုသင့်ပါဘူး။

၆။ ကောင်လေးကို အသေကြွေပြတာ

Source: The Modern Man

သူ့ကို တစ်နေ့လုံးစိုက်ကြည့်နေလို့ သူပြန်သဘောကျလာမယ်လို့ မထင်လိုက်ပါနဲ့။ ဒါ ဇာတ်ကားရိုက်နေတာမဟုတ်ပါဘူး။ တကယ့်လက်တွေ့မှာတော့ သင်က ယောကျာ်းလေးတစ်ယောက်ကို အသေကြွေနေရင် ဒီအရာကို မထုတ်ပြပါနဲ့။ သင့်ရဲ့ အသေကြွေနေတဲ့ ပုံစံကို သူတို့မြင်တာနဲ့ သူတို့မျက်နှာပျက်သွားမှာပါ။ ဒီတော့ ကြွေတော့ကြွေပါ။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်လည်း ထိန်းပါလို့ပြောချင်ပါတယ်။

By MyStyle Myanmar