မင်္ဂလာပါနော်။ အမျိုးသားတွေကို ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအချက်လေးတွေ လိုအပ်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

စကားပြောဆိုတဲ့အခါ

အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့

စကားပြောဆိုတဲ့အခါ ခပ်တိုးတိုးလေးပြောဆိုတတ်ပြီး မိန်းကလေးဆန်သူကို အမျိုးသားတွေ ပိုပြီးသဘောကျကြပါတယ်။ ဒါ့အပြင် စကားပြောဆိုမှု ညက်တဲ့သူကလည်း ဆွဲဆောင်မှုရှိပါတယ်။

အရပ်အမြင့်

အမျိုးသားတွေက သူတို့ထက် အနည်းငယ်ပိုနိမ့်တဲ့သူကိုလည်း သဘောကျသလို ပိုပြီးမြင့်တဲ့သူကိုလည်း သဘောကျကြပါတယ်။

အသက်

အသက်အရွယ်အားဖြင့် သူတို့ထက်ပိုငယ်တာကို သဘောကျကြပါတယ်။ ဒါပေမယ့် တချို့ကလည်း သူတို့ထက် ပိုကြီးသူကိုသဘောကျကြပါတယ်။ ဒါပေမယ့် ပိုငယ်တဲ့သူကို သဘောကျကြသူများပါတယ်။

မျက်လုံးအရောင်

မျက်ခုံးအရောင်ကလည်း အမြင်အေးစေတဲ့ မျက်လုံးမျိုးကို သဘောကျကြပါတယ်။

မိတ်ကပ်

အမျိုးသားတွေက မိတ်ကပ်အများကြီးလိမ်းထားတဲ့သူထက် မိတ်ကပ်ခပ်ပါးပါးလေးနဲ့ သဘာဝအတိုင်း လှနေသူတွေကို သဘောကျကြပါတယ်။

ခါးနဲ့ တင်အချိုးအစား

အမျိုးသားတွေဟာ ခါးသေး ရင်ချီပြီး တင်ကားကားအမျိုးသမီးတွေကိုပိုပြီး သဘောကျကြပါတယ်။ ဒါပေမယ့် သူတို့ ချစ်မိသွားသူဟာ ဒီလိုအချိုးအစား ရှိချင်မှရှိတာပါ။ သဘောကျတာနဲ့ ချစ်တာ တူမှမတူပဲ။

ခန္ဓာကိုယ်အနေအထား

ခန္ဓာကိုယ်အနေအထား မတ်တဲ့သူတွေဟာ မိမိကိုယ်ကို ယုံကြည်မှုလည်းရှိသလို ဆွဲဆောင်မှုလည်းရှိပါတယ်။ ခန္ဓာကိုယ်အချိုးအစား မတ်မတ်နေပါ။

တခြားအချက်တွေလည်း အများကြီးရှိပါသေးတယ်နော်။ ဒါပေမယ့် အနည်းငယ်ပဲဖော်ပြပေးလိုက်တာပါ။ အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိတာနဲ့ သူတို့ချစ်မိသွားတဲ့သူနဲ့ က ထပ်တူမကျတတ်ပါဘူး။