မနာလိုဝန်တိုစိတ် (J) ဝင်တယ်ဆိုတာက လူတယောက်မှာရှိတဲ့ ပုံမှန်ခံစားချက်တစ်ခုပါ။ ဒါပေမဲ့ ယောက်ကျားလေးတွေထက် မိန်းကလေးတွေကတော့ ပိုပြီးတော့ J (မနာလိုဝန်တို) ဝင်လေ့ရှိပါတယ်။ တကယ်ချစ်တဲ့ အတွဲတွေမှာ ပြသာနာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကလည်း ဒီကိစ္စကြောင့်ပါပဲ။

မိန်းကလေးတွေသူ့ချစ်သူအပေါ်မှာ မနာလိုဝန်တိုစိတ် (J) ဝင်တာဟာ ကောင်းတဲ့အရာတခုပါ။ ဒါကငါမင်းကို ဆုံးရှုံးရမှာ ကြောက်တယ်လို့ ပြောနေတာနဲ့တူတူပါပဲ။ ခုမိန်းကလေးတွေ မနာလိုဝန်တိုစိတ် (J) ဝင်ရင် လုပ်လေ့ရှိတတ်တဲ့ အရာတွေကိုပြောပြပေးသွားမှာပါ။

လိမ်ညာပြောမယ်

မိန်းကလေးတွေက သူတို့ရဲ့ ခံစားမှုကို ဖုံးကွယ်တဲ့နေရာမှာ အင်မတန်တော်ပါတယ်။ ယောကျ်ားလေးတွေကတော့ သူတို့ဒီလို ဘာကြောင့်လုပ်ရလဲဆိုတာ မစဉ်းစားမိတတ်အောင်ဖြစ်တတ်ပါတယ်။ မိန်းကလေးတယောက် ပုံမှန်မနာလိုစိတ်တွေ ဝင်နေမယ်ဆိုရင် ရိုးရှင်းတဲ့ မေးခွန်းတွေအပေါ်မှာ မယုံကြည်နိုင်လောက်တဲ့ အဖြေတွေ ပြန်ကြားရတတ်ပါတယ်။

ရုတ်တရက် စိတ်နေစိတ်ထားပြောင်းလာမယ်

သင်သာ တခြားမိန်းကလေးတယောက်ယောက်ကို ချီးမွမ်းစကားပြောတာ ဒါမှမဟုတ် စကားပြောဖို့ကြိုးစားတဲ့အခါမှာ သင်တို့ရဲ့ကောင်မလေး ရုတ်တရက် Mood ပြောင်းသွားတာ တွေ့ပါလိမ့်မယ်။ မိန်းကလေးတွေက စိတ်ပြောင်းလွယ်ကြပါတယ်။ ဒါပေမဲ့ သူသာ မနာလိုစိတ်တွေ ဝင်နေမယ်ဆိုရင်ထူးဆန်းတာတွေလုပ်လာပါလိမ့်မယ်။

အလုပ်များသယောင် လုပ်နေမယ်

တခါတလေ မိန်းကလေးတွေ မနာလိုစိတ်ဝင်နေမယ်ဆိုရင် သူတို့ကို ဂရုစိုက်လာအောင် အလုပ်များချင်ယောင်ဆောင်နေတတ်ပါတယ်။ သင်တို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူ အပြင်သွားတဲ့အခါမှာ သင်က တခြားမိန်းကလေးသူငယ်ချင်းနဲ့ စကားပြောနေရင် သင့်ကောင်မလေးက ဖုန်းကိုတချိန်လုံးကြည့်ပြီး အလုပ်များချင်ယောင် ဆောင်တတ်ပါတယ်။ ပြီးတော့ တခြားကောင်လေးတွေနဲ့ စကားပြောဖို့ ကြိုးစားပါလိမ့်မယ်။ ဒါကသင်တို့ရဲ့ အာရုံစိုက်မှုကို လိုချင်လို့ လုပ်တာပါ။

နောက်ပြီး သူမနာစိတ်ရှိသလိုမျိုး သင်လည်း သူ့ကို မနာလိုစိတ်ရှိမလားဆိုပြီး စမ်းကြည့်တာလည်းဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေက စုံထောက်ပညာမှာ တော်ကြပါတယ်။ သင် တခြားမိန်းလေးနဲ့ ဒိတ်နေပြီလို့ သံသယရှိရင် ဒါမှမဟုတ် တခြားမိန်းကလေးနဲ့ J ဝင်နေမယ်ဆိုပါစို့။ သင့်ရဲ့ဖုန်းကို စစ်ဆေးဖို့ နှစ်ခါပြန်စဉ်းစားမှာမဟုတ်တော့ပါဘူး။ ဘယ်သူနဲ့စကားပြောထားလဲ။ ဘာအကြောင်းတွေ ပြောထားလဲ။ ဘယ်မိန်းကလေးရဲ့ပုံတွေ ဖုန်းထဲမှာ သိမ်းထားလဲ စသဖြင့် အသေးစိတ်က အစလိုက်စစ်နေမှာပါ။

တခြားမိန်းကလေးအကြောင်း မကောင်းပြောမယ်

ဟုတ်ပါတယ်။ မိန်းကလေး တော်တော်များများကတော့ သူတို့သဘောကျနေတဲ့ သရုပ်ဆောင်တွေ အဆိုတော်တွေ တခြားမိန်းကလေးနဲ့ တွဲသွားတာသိသွားရင် အဲ့ဒီမိန်းကလေးအကြောင်း မကောင်းပြောတော့တာပါပဲ။ ဒါကမမှန်ဘူးဆိုတာ သိပေမယ့်မကောင်းတဲ့အချက်တွေ ရှာပြီးပြောနေအုံးမှာပါ။ မိန်းကလေးတွေက အရွှဲ့တိုက်တတ်ပါတယ်။ သင့်ရှေ့ မှာ တခြားယောကျ်ားလေးပုံတွေ အကောင့်တွေထဲ ဝင်ကြည့်နေပါလိမ့်မယ်။

ဒါက သူမနာစိတ်ဝင်သလိုမျိုး သင့်ကိုလည်း မနာစိတ်ဝင်အောင် တမင်ရည်ရွယ်ပြီးလုပ်နေတာပါ။ မနာလိုစိတ်ဝင်တာက ချစ်ကြတဲ့ စုံတွဲတိုင်းမှာ ဖြစ်တတ်ကြပါတယ်။ ပုံမှန်မနာလိုစိတ်ရှိတာက Relationship တစ်ခုကို အရမ်းကြီးမထိခိုက်စေပါဘူး။ ဒါပေမဲ့ ပုံမှန်ထက်များနေရင်တော့ အတွဲတွေကြားမှာ ပြဿနာကြီးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မနာလိုစိတ်တွေ မဖြစ်အောင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းဖို့လိုအပ်ပါတယ်။