လူတွေက ပိုက်ဆံစုရတာကို ကြိုက်ကြပြီးတော့ လုပ်ကိုလုပ်သင့်တဲ့ အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုအကျင့်ကောင်းမျိုးက အမြဲတမ်း၊ နေရာတိုင်းမှာတော့ အကျိုးမဖြစ်လှပါဘူး။ တစ်ခါတစ်ကျရင် ခဏတာရလိုက်တဲ့ အကျိုးအမြတ်ကြောင့် နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ၊ တစ်သက်တာအပေါ် လွဲမှားတဲ့သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုအခြေအနေတွေမှာတော့ ပိုက်ဆံကိုနှမြောပြီး ကပ်စေးကုပ်နေမယ့်အစား မျက်စိမှိတ်ပြီးသုံးလိုက်သင့်တဲ့ ပစ္စည်းတွေနဲ့ အခြေအနေတွေကို ပြောပြပေးချင်ပါတယ်။

၁။ အရည်အသွေးကောင်းတဲ့ အတွင်းခံ

အကျီအဝတ်အစားတွေရဲ့ အောက်မှာ ခံပြီးဝတ်ရတဲ့ အတွင်းခံတွေကို ဝယ်ယူတဲ့အခါမှာ အရမ်းသတိထားဖို့လိုအပ်ပါတယ်။ တွေ့ရာကောက်ဝယ်လိုက်တာမဟုတ်ဘဲနဲ့ ကိုယ့်အတွက်သက်တောင့်သက်သာရှိပြီး တင်းကြပ်နေသလိုမျိုး မခံစားရသင့်ပါဘူး။ ဈေးပေါတဲ့အသားတွေက အခန့်မသင့်ရင် အသားအရေယားယံခြင်း၊ နီရဲခြင်း၊ ကျိန်းစပ်ခြင်းတို့ကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အရည်အသွေးမကောင်းတဲ့ဘရာတွေက ပုံစံအနေအထား မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားနိုင်တာကြောင့် ရင်သားတွေကို ကောင်းကောင်းထောက်ပံ့နိုင်မှာမဟုတ်ပါူး။

၂။ တက္ကစီ

ဘတ်စ်ကားတွေစီးရတာက သပ်သပ်ငှားပြီးစီးရတဲ့ တက္ကစီတွေလောက် ပိုမမြန်ဘူး၊ ပိုသက်တောင့်သက်သာမရှိဘူးဆိုတာကို လူတိုင်းနီးပါးသဘောတူပါလိမ့်မယ်။ အမြန်လိုနေချိန်တွေဆိုရင် ဘယ်နေရာမှာမှ မရပ်ဘဲနဲ့ ကိုယ်သွားချင်ရာနေရာကို ဖြောင့်ဖြောင့်တန်းတန်းရောက်နိုင်မှာဖြစ်ပြီးတော့ ကိုယ့်ဘာသာအေးအေးလူလူစီးသွားနိုင်ပါတယ်။

၃။ ကြိုးမဲ့နားကြပ်များ

လူတိုင်းက ဘယ်နေရာရောက်ရောက် ဘယ်လိုအချိန်ဖြစ်ဖြစ် သီချင်းနားထောင်ပြီး သွားလာချင်တဲ့အတွက်ကြောင့် ဒီနေ့ခေတ်မှာဆိုရင် နားကြပ်မရှိဘဲနေဖို့က အတန်ခက်ခဲနိုင်ပါတယ်။ သို့သော်လည်း နားကြပ်တွေနဲ့အားနည်းချက်တစ်ခုက ကြိုးတန်းလန်းဖြစ်နေလို့ နေရာမျိုးစုံ၊ ပစ္စည်းမျိုးစုံနဲ့ငြိတတ်၊ ရှုပ်ထွေးတတ်တာပါပဲ။ အခုချိန်မှာတော့ နားကြပ်ကြိုးမပါတော့တဲ့ နားကြပ်တွေကို ဝယ်ယူခြင်းဖြင့် ဒီလိုပြဿနာတွေကို ရှောင်ကွင်းနိုင်မှာဖြစ်ပါတယ်။

၄။ ဈေးကြီးတဲ့ဖိနပ်များ

ဖိနပ်တွေကိုရွေးချယ်ဝယ်ယူတဲ့အခါမှာ သက်တောင့်သက်သာရှိဖို့ အထူးလိုအပ်ပါတယ်။ မဟုတ်ပါက လူ့သက်တမ်းပေါ်မှာ အန္တရာယ်တွေဖြစ်လာစေနိုင်ပါတယ်။ ပိုက်ဆံချွေတာချင်စိတ်နဲ့ ဈေးသက်သာတာကိုရွေးဝယ်လိုက်မိပါက ကိုယ့်ခြေထောက်ပေါ်မှာ ဒဏ်ဖြစ်လာပြီး အရိုးအဆစ်တွေကို ထိခိုက်လာနိုင်ပါတယ်။ ဈေးကြီးတဲ့ဖိနပ်တွေကတော့ လူသိတဲ့တံဆိပ်ဖြစ်တာကြောင့် စီးမယ့်သူတွေနဲ့ပတ်သက်ပြီး အများကြီးစဥ်းစားကာ ဖန်တီးထုတ်လုပ်တတ်ကြပါတယ်။

၅။ အွန်လိုင်းဘာသာစကားသင်တန်းများ

ကိုယ့်ရဲ့ပညာစွမ်းရည်ကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်၊ ပညာတွေ၊ ဗဟုသုတအသစ်တွေကို အမြဲတမ်းရှာဖွေသင်ယူတာက ကောင်းတဲ့အလေ့အကျင့်ဖြစ်ပါတယ်။ အခုဆိုရင်လည်း သင်တန်းတွေကို သပ်သပ်သွားတက်စရာမလိုဘဲ ကိုယ့်ဘာသာလေ့လာနိုင်အောင်လို့ စာအုပ်တွေလည်း အများကြီးထွက်ရှိထားပါပြီ။ သို့သော်လည်း အွန်လိုင်းကနေတဆင့် ဆရာဆရာမတွေ သင်ကြားပေးတဲ့သင်တန်းတွေလောက်တော့ မထိရောက်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ကသေချာ ကြပ်ကြပ်မတ်မတ် သင်ကြားချင်တယ်၊ အပြင်လည်းမထွက်ချင်ဘူးဆိုရင်တော့ Online Course တွေကို ရွေးချယ်လိုက်ပါ။

Source: BrightSide