လကုန်ခါနီး ပိုက်ဆံပြတ်တဲ့ ဒဏ်ကို လခစားဝန်ထမ်းတွေ တော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုအချိန်ရောက်ရင် ပိုက်ဆံကို အတတ်နိူင်ဆုံးချွေတာ သုံးစွဲကြရပါတယ်။ တစ်ခါတစ်လေ နေ့လည်စာနဲ့ညစာ ပေါင်းစားရတဲ့ အချိန်တွေတောင် ကြုံရတတ်ပါတယ်။ ဒီလိုအချိန်မှာ အလကားရတာတွေအကုန်လုံးကို ယူတတ်တဲ့ အကျင့်လည်းပါလာတတ်ပါတယ်။

လကုန်ခါနီး ပိုက်ဆံပြတ်နေတဲ့အချိန်မှာ လူတော်တော်များများလုပ်လေ့ရှိတဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

ဆပ်ပြာခဲအကျန်တွေကို စုပြီးပြန်သုံးတာ

ကားကို ရေဆေးပြီးသားဖြစ်အောင် မိုးရေထဲ ပစ်ထားတာ

ခေါင်းလျှော်ဆပ်ပြာ နည်းနည်းပဲကျန်တော့တဲ့ ဘူးထဲကို ရေထည့်ပြီးသုံးတာ

လက်ဆောင်တွေကို အပြင်ကဈေးကြီးပေးဝယ်မယ့်အစား ကိုယ်တိုင်လုပ်ပြီးပေးတာ

အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ အလကားအစမ်းသုံးလို့ရတာတွေနဲ့ အလှသွားပြင်တာ

ပြီးတော့ ရေးမွှေးလေးပါ အဆစ် ဖြန်းလိုက်သေးတာ

မီးဖိုချောင်မှာ ကျန်တဲ့အရာတွေနဲ့ ဟင်းအသစ်ထွင်တာ

Source: Bright Side