အလှအပကြိုက်တဲ့သူတိုင်းအတွက် အရမ်းပူပြင်းတဲ့ နွေရာသီမှာ အသားအရေရော၊ အလှအပရေးရာအတွက်ပါ ထိခိုက်မှုမဖြစ်ရလေအောင် သတိထားဆင်ခြင်ရမယ့် အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

Sunscreen သေချာလိမ်းပါ

အရေးအကြီးဆုံးအချက်ကတော့ Sunscreen ပါပဲ။ နွေရာသီမှာ Sunscreen သေချာလိမ်းပါ။ တစ်ကြိမ်လိမ်းပြီးသွားရင် တစ်နေကုန် နေလောင်ဒဏ် ကာကွယ်ပြီးသား ဖြစ်နေပြီလို့လည်း မထင်လိုက်ပါနဲ့။ ၄ နာရီခြားတစ်ခါလောက် ထပ်လိမ်းပေးဖို့ လိုပါတယ်။ မျက်နှာအတွက်တင်မဟုတ်ပါဘူး။ Body ဆိုလည်း Lotion လိမ်းသလိုပဲ လက်နဲ့ခြေထောက်ကိုလည်း သေချာလိမ်းပေးပါ။ Sunscreen ကို Lotion နဲ့ ရောလိမ်းတာမျိုး၊ SPF များများပါတဲ့ Lotion လိမ်းတာမျိုးတွေ လုပ်ပေးပါ။

Skincare အလွန်အကျွံမလိမ်းပါနဲ့

Skincare အလွန်အကျွံမလိမ်းနဲ့ဆိုတာကတော့ နွေရာသီမှာ အရမ်းပူတဲ့အတွက် Moisturizer အရမ်းထူတာမျိုး၊ Serum တွေပါ ထပ်လိမ်းတာမျိုးကျတော့ အရမ်း Heavy ဖြစ်ပြီး အဆီဖုတွေ ထွက်လာတာ၊ မျက်နှာအဆီအရမ်းပြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ မနက်ပိုင်းက Toner, Gel Texture Moisturizer, Sunscreen ပဲ လိမ်းပေးပြီး ညပိုင်းကိုတော့ Toner, Moisturizer (သို့) Toner, Essence (or) Lightweight ဖြစ်တဲ့ Serum, Moisturizer လောက်ပဲ လိမ်းပေးပါ။

မိတ်ကပ်အများကြီးမလိမ်းပါနဲ့

နွေရာသီမှာ မိတ်ကပ်တွေ အများကြီးလိမ်းရင် ပူပြီး မျက်နှာက ချွေးနဲ့ရောကာ အဆီဖုနဲ့ ဝက်ခြံထွက်တာမျိုးတွေ၊ မျက်နှာက ချွေးပေါက်ပိတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Lotion လိမ်းတဲ့အခါ သေချာရွေးချယ်ပါ

နွေရာသီမှာ အရမ်းထူတဲ့ Lotion တွေလိမ်းရင် ပူပါတယ်။ ဒါကြောင့် Texture အေးတာမျိုးလေးတွေ Lightweight ဖြစ်တာမျိုးလေးတွေပဲ လိမ်းပေးပါ။

Scrub လုပ်ပါ

နွေရာသီမှာဆိုရင် ချွေးနဲ့ ဖုန်မှုန့် အညစ်အကြေးတွေနဲ့ ရောပြီးတော့ Dead Skin Cells တွေ ပိုဖြစ်ပါတယ်။ ဒီလိုအချိန်မှာ Scrub လုပ်ပေးမှ Dead Skin Cells တွေကို ဖယ်ရှားနိုင်ပြီး အသားအရေလည်း ကြည်လင်နေပါမယ်။

အကာအကွယ်မပါပဲနေပူထဲမသွားပါနဲ့

နောက်ဆုံးအရေးကြီးတဲ့ တစ်ချက်ကတော့ အကာအကွယ်မပါပဲ နေပူထဲ လုံးဝမသွားပါနဲ့။ ခုနကလို Scrub တိုက်ပြီးတဲ့အချိန်ဆို ပိုဆိုးပါတယ်။ Scrub တိုက်ပြီး ၂ ရက်လောက်က အပြင်မသွားတာ အကောင်းဆုံးပါပဲ။ ကျန်တဲ့နေ့တွေကတော့ အပြင်ထွက်မယ်ဆိုရင် ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာမျိုး မဖြစ်မနေ လုပ်ရပါမယ်။

နေကာမျက်မှန်တပ်ပါ

နေပူထဲသွားတဲ့အခါ မျက်လုံးနားတစ်ဝိုက်အသားအရေကို နေရောင်တိုက်ရိုက်ထိရင် အညိုစက်လေးတွေ ထွက်လာတာမျိုး၊ မျက်ကွင်းညိုတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် နေကာမျက်မှန်တပ်ပေးရင် အကောင်းဆုံးပါပဲ။