ပူပြင်းတဲ့ရာသီဥတုမျိုး နေအပူရှိန်နဲ့ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ရာသီဥတုမျိုးမှာ အသားအရေပျက်စီးခြင်းကို ကြိုတင်ကာကွယ်နိုင်မယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Sunscreen သေချာလိမ်းပါ

ရာသီဥတုပူတဲ့အချိန်မှာ မဖြစ်မနေလုပ်ပေးရမှာကတော့ Sunscreen သေချာလိမ်းတာပါပဲ။ Sunscreen မလိမ်းရင် နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးမှာပါ။ အသားအရေပျက်စီးခြင်းမှ ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း Sunscreen သေချာလိမ်းပါ။ ၃ နာရီခြားတစ်ခါလောက် Reapply ပြန်လုပ်ပေးပါ။

ရေများများသောက်ပါ

အသားအရေခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်ဖို့အတွက် ရေများများသောက်ပေးဖို့လိုပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေမှာ Skin လည်း ရေဓာတ်ပြည့်ပြီး စိုပြည်နေမှာပါ။

Toner, Moisturizer မဖြစ်မနေလိမ်းပေးပါ

ရာသီဥတုအရမ်းပူတဲ့အခါ Skincare တွေတောင် မလိမ်းချင်ဘူးဆိုတာမျိုး ဖြစ်ကြမှာပါ။ ဒါပေမယ့်လည်း ဘယ်လောက်ပူပူ Toner နဲ့ Moisturizer ကိုတော့ မဖြစ်မနေ မနက်ည လိမ်းပေးရပါမယ်။

နေကာမျက်မှန်တပ်ပါ

နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့အခါ မျက်ကွင်းညိုတာတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် နေပူထဲသွားလာတဲ့အခါ နေကာမျက်မှန်တပ်ပါ။

ထီး၊ ဦးထုပ်ဆောင်းပါ

အသားအရေထိခိုက်ပျက်စီးခြင်းမရှိအောင် ထီး၊ ဦးထုပ်ဆောင်းပြီးမှ အပြင်ထွက်ပါ။ ထီး၊ ဦးထုပ်ဆောင်းတာက အသားအရေတင်မဟုတ်ပဲ ဆံသားမပျက်စီးအောင်လည်း ကြိုတင်ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။

Exfoliate လုပ်ပါ

ရာသီဥတုအရမ်းပူတဲ့အခါ အသားအရေက ချွေးနဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ရောပြီး ချေးတက်တာ၊ အသားအရေညစ်တာ၊ အဆီဖုနဲ့ဝက်ခြံတွေထွက်တာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ Exfoliate လုပ်ပေးပါ။ ခဏခဏမလုပ်ပါနဲ့။