ဘဝရှေ့ရေးအတွက်ပဲ ဖြစ်ဖြစ် အခုထက်ပိုပြီး ကိုယ့်အရည်အချင်းကို ပြနိုင်တဲ့ နေရာ သွားချင်လို့ပဲ ဖြစ်ဖြစ် အလုပ်သစ် ရှာဖို့ စီစဉ်နေတယ်ဆိုရင် အခုပြောမယ့်အချက်လေးတွေကို ကြိုပြီး ဖြည့်ဆည်းထားဖို့ အကြံပြုချင်ပါတယ်။

(၁) အချိန်ယူပါ

Photo: Digit24

အလုပ်သစ် မဖြစ်မနေ ရှာတော့မယ်ဆိုရင် အနည်းဆုံး တစ်လ ၊ တစ်လခွဲ အချိန်ယူပြီး ပြင်ဆင်ဖို့ လိုပါတယ်။ အလုပ်ရှာတာကိုတော့ ဒီနေ့ခေတ်မှာ Online Job portal တွေကနေ အလွယ်ရှာလို့ ရပြီ ဖြစ်သလို ကိုယ့်ရဲ့ အသိုင်းအဝိုင်း လုပ်ငန်းနယ်ပယ်တူထဲက အသိတွေကနေ တစ်ဆင့် အလုပ်သစ် ရှာလို့ ရပါတယ်။အလုပ်သစ် မရခင် စပ်ကြားအတွင်းမှာ ကိုယ့်ကိုယ်ကို upgrade လုပ်နိုင်တဲ့ Skill တွေ ဖြည့်တာ ၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို စိတ်တိုင်းကျ ရှာဖွေတာအပြင် ကိုယ့်စိတ်ကိုယ်လည်း ပြင်ဆင်ထားဖို့ လိုပါတယ်။

(၂) Resume ကောင်း ဖန်တီးပါ

Photo: IAWomen Blog

အလုပ်လျှောက်ရာမှာ Resume တစ်ခုရဲ့ တာသွားမှုကို အမြဲခေါင်းထဲ ထည့်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ၊ ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ တက်ရောက်ခဲ့တဲ့ တက္ကသိုလ်က အစ ကိုယ်လုပ်ခဲ့တဲ့ ပရောဂျက်တွေအကြောင်း ထိထိရောက်ရောက် မိတ်ဆက်ပြသနိုင်ရင် ကိုယ့်အလုပ်ရှင်သစ်ရဲ့ စိတ်ဝင်စားမှုကို ရမှာပါ။

(၃) အသစ် ဖြည့်ထားပါ

Photo: Unsplash

အလုပ်သစ်မှာ လိုအပ်မယ့် အတတ်ပညာတွေ ကျွမ်းကျင်မှုတွေ ကိုယ့်မှာ ရှိနေပြီလား ပြန်ကြည့်ပါ။ ဘာတွေ ထပ်ပြီး လေ့လာမွမ်းမံရဦးမလဲ။ ဘာသာစကားလား ၊ Certificate လား ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် Upgrade တစ်ခုခုလား။ ဒါတွေ ဖြည့်ထားရင် အလုပ်သစ်ကို ခေါင်းမော့ပြီး ဝင်နိုင်မှာပါ။

(၄) ထောက်ခံချက်ယူထားပါ

Photo: Corporate Bytes

ကိုယ့်အရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံတွေပေါ် ထောက်ခံချက်ပေးမယ့် အထက်လူကြီးတစ်ယောက်ယောက် ဖြစ်စေ သူဌေးပဲ ဖြစ်စေ နောက်ဆုံး လေးစားလောက်တဲ့ ဆရာတစ်ယောက်ယောက်ဆီက ဖြစ်စေ ထောက်ခံချက် ယူထားဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို လူကြီးတွေရဲ့ ထောက်ခံချက် တစ်စောင်ဟာ အလုပ်သစ် ရှာသူချင်းအကြားမှာ ကိုယ့်ကို အရင် ဦးစားပေးစရာ ဖြစ်လာပါလိမ့်မယ်။