အခုခေတ်က ဘာပဲဖြစ်ဖြစ် ဖေ့ဘွတ်ပေါ်ကောက်တင်လိုက်မှ ခေတ်မှီသလိုလိုဖြစ်နေတာက သာမန်ရိုးကျ ထုံးစံတစ်ခုလိုတောင် ဖြစ်နေကြပါပြီ။ ဒီလိုတင်တာမျိုးက တကယ့်ဆို လုံးဝကိုမကောင်းတဲ့အမူအကျင့်တစ်ခုပါပဲ့။ များသောအားဖြင့် မိန်းကလေးတော်တော်များများက ကိုယ့်ချစ်သူနဲ့ပတ်သက်တဲ့ခံစားချက်တွေကို ဖေ့ဘွတ်ပေါ်မှာ တင်လေ့ရှိတတ်ကြကို ‌တွေ့ဖူးကြမှာပါ။ ဖေ့ဘွတ်က လူပေါင်းစုံသုံးနေတဲ့ Social Mediaတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ရဲ့အတွင်းကျကျ Personalနဲ့ပတ်သက်ပြီး လုံးဝမတင်တာက အကောင်းဆုံးပါပဲ့နော်။

ဒါကြောင့် ဘာမှမဟုတ်ပဲ့နဲ့ ကိုယ့်ရဲ့အချစ်ရေးတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားနိုင်တဲ့အထိ ဖြစ်တတ်တဲ့အတွက် ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်မှာ လုံးဝကို မတင်သင့်တဲ့အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အတွင်းရေး

ကိုယ်နဲ့ ကိုယ့်ချစ်သူရဲ့အတွင်းရေးတွေဆိုတာ နှစ်ယောက်ထဲပဲ သိရမယ့်ကိစ္စတွေပါ။ ဒါတွေကို ဖေ့ဘွတ်ပေါ်တက်ရေးတာမျိုးတွေက လုံးဝကိုမလုပ်သင့်တဲ့အရာတစ်ခုပါပဲ့။ ကိုယ့်အကြောင်းက ကိုယ်ပြောမှ သူများသိရတာဖြစ်လို့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းတဲ့အဖြစ်မျိုး လုံးဝမလုပ်ပါနဲ့။

သူ့မကောင်းကြောင်းတွေ၊ သူ့အားနည်းချက်တွေ

ချစ်သူရဲ့မကောင်းကြောင်းတွေ ကိုယ့်ချစ်သူရဲ့အားနည်းချက်တွေကို သူငယ်ချင်းတွေကိုတောင် မပြောသင့်တာ ဖေ့ဘွတ်ပေါ်တင်ဖို့ဆိုတာတော့ ပိုတောင်ဆိုးပါသေးတယ်။ဘယ်လောက်ပဲ ကိုယ့်ချစ်သူကိုစိတ်ဆိုးနေပါစေ၊ ဘယ်လောက်ပဲရန်ဖြစ်ထားပါစေ ချစ်သူရဲ့မကောင်းကြောင်းတွေကို ဖေ့ဘွတ်ပေါ်တက်မရေးမိပါစေနဲ့။

ချစ်သူက ကိုယ်မသိအောင် ကောင်မလေးတွေနဲ့ စကားပြောတာတွေကအစ လိုက်တင်နေမယ်ဆိုရင် ဒီလိုလူမျိုးနဲ့သူတွဲနေတာပဲဆိုပြီး ကိုယ့်တောင်ထိခိုက်ပါသေးတယ်။ မကြိုက်ရင် ဆက်မတွဲပဲ နေလိုက်ပါ။ နှစ်ယောက်ကြားက ပြဿနာကို နှစ်ယောက်ထဲဖြေရှင်းပါ။ ဖေ့ဘွတ်ပေါ်မှာ ဒိုင်ယာရီတစ်ခုလို ရေးမတင်တာတော့ အကောင်းဆုံးပါပဲ့။

ချစ်သူနဲ့အဆင်မပြေတာတွေ

ချစ်သူနဲ့အဆင်မပြေတာတွေကိုလည်း ဖေ့ဘွတ်ပေါ်မတင်စေချင်ပါဘူး။ အခုခေတ်က စနိုက်ကြော်တွေပေါတဲ့ခေတ်ဆိုတော့ ကိုယ်ကအဆင်မပြေတာတွေကိုတင်လိုက်ရင် သူတို့ဘက်က ဝမ်းသာသွားမှာပါ။ အဆင်မပြေတာတွေကို ခဏခဏတင်လိုက်၊ စိတ်ဆိုးပြေရင်ပြန်တွဲလိုက်နဲ့ သူများအတွက်လည်း အမြင်ကတ်စရာတွေ ဖြစ်စေတတ်ပါတယ်နော်။ ဒါကြောင့် တစ်ခုခုဆို ဖေ့ဘွတ်ပေါ်တက်ရေးတဲ့အကျင့်ကို အမြန်ဆုံးဖျောက်ဖျက်လိုက်တာက အကောင်းဆုံးပဲ့ဖြစ်ပါတယ်နော်။