အားလုံးပဲ မင်္ဂလာပါ။ အသစ်အဆန်းတွေတီထွင်ရတာကို ဝါသနာပါသူတွေအတွက် ဒီတစ်ခါမှာလည်း လွယ်လွယ်ကူကူပြုလုပ်နိုင်မယ့် နည်းလမ်းများကို ဝေမျှပေးလိုက်ချင်ပါတယ်။

ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် အပျင်းလည်းပြေပြီး အခြားအိမ်တွင်းအသုံးအဆောင်ပစ္စည်းဆန်းဆန်းလေးတွေကို ပိုက်ဆံအကုန်အကျခံဝယ်နေစရာမလိုတော့ပါဘူး။

တီရှပ်ခေါင်းအုံးစွပ်ချုပ်မယ်

တီရှပ်အဟောင်းတစ်ထည်၊ အပ်ချည်လုံး၊ ကတ်ကြေးတို့ပဲ လိုအပ်ပါတယ်။

အဆင့် ၁ – တီရှပ်တစ်ထည်ကို အခုလို ကတ်ကြေးနဲ့ညှပ်လိုက်ပါ။

အဆင့် ၂ – ဘေးနှစ်ဖက်ကို ဖြတ်ပြီးသွားတဲ့အခါ အင်္ကျီလည်ပင်းကိုလည်း အခုလိုပဲ ညှပ်ပစ်လိုက်ပါ။

အဆင့် ၃ – ပြောင်းပြန်လှန်ပြီး အစနှစ်ခုကို ပူးချုပ်ပေးလိုက်ပါ။ ပြီးရင် ခေါင်းအုံးလေးထည့်ပြီး အနားစကို တစ်ခါတည်း ပိတ်ချုပ်လိုက်ပါ။ ခေါင်းအုံးစွပ်က ဇစ်နဲ့မဟုတ်တော့ လျှော်ရတာ အဆင်ပြေမှာတော့မဟုတ်ပါဘူး။

အခုဆိုရင် အဆင့် ၃ ဆင့်တည်းနဲ့ ချစ်စရာကောင်းတဲ့ ခေါင်းအုံးတစ်လုံးရပြီပေါ့။

ဘောပင်၊ ခဲတံစတဲ့ စာရေးကိရိယာတွေ ထည့်လို့ရတဲ့ အိပ်ကပ်ကလေးပြုလုပ်မယ်

Source: diyprojectsforteens.com