ဒီကမ္ဘာလောကမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ကအချစ်မှာနစ်မြောသွားပြီဆိုရင်တော့ ကိုယ့်ရဲ့လက်တွဲဖော်ဟာ အပြစ်ပြောစရာမရှိဘူးလို့ ထင်မှတ်တတ်ပါတယ်။ လူတိုင်းတွင်တော့ ပြီးပြည့်စုံတဲ့ Relationship တစ်ခုနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ထင်မြင်ချက်တွေရှိကြပါတယ်။ ကိုယ့်ကိုသာ အမြဲရှေ့တန်းတင်တတ်သူ၊ ကိုယ်က အရာရာတိုင်းရဲ့ ထိပ်ဆုံးမှာထားနိုင်သူကို ရှာဖွေခြင်းကတော့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးရဲ့ အဓိကသော့ချက်ပါပဲ။
ဒါပေမယ့်လည်း အချိန်ကြာလာတဲ့အခါမှာ လက်တွဲဖော်အဖြစ် ကိုယ့်ရဲ့ရွေးချယ်မှုဟာ မှန်မှမှန်ရဲ့လားလို့ သံသယဝင်လာတတ်ပါတယ်။ ဒါကြောင့် အဖက်ဖက်မှာပြီးပြည့်စုံတဲ့ ခင်ပွန်းလောင်းတစ်ယောက်မှာ ရှိတတ်တဲ့ ပင်ကိုလက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အမှားကြီးကျူးလွန်မိရင်တောင် ဖေးမအားပေးနေခြင်း

လောကမှာ အမှားမလုပ်မိတဲ့လူဆိုတာမရှိလို့ အမှားကျူးလွန်မိတဲ့အခါမှာလည်း ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ရဲ့ဖက်ကနေပြီး အမြဲတမ်းရပ်တည်ပေးနေပါတယ်။ ကိုယ့်ကိုအပြစ်တင်မယ့်အစား ဘေးကနေပြီး ဖေးမတဲ့သူမျိုးပါ။

 အသေးစိတ်အထိ ဂရုတစိုက်ရှိခြင်း

ကိုယ့်ဘဝထဲက အရာရာတိုင်းကို သို့မဟုတ် စတွေ့ချိန်မှာ ဘာဝတ်ထားလဲဆိုတာကို မှတ်မိရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်အတွက်အရေးကြီးတဲ့ အရာတွေကို မှတ်သားထားခြင်းပါ။ ဥပမာအနေနဲ့ ကော်ဖီဖျော်တဲ့အခါ သကြားဘယ်လောက်ထည့်လဲ၊ အကြိုက်ဆုံးသီချင်းကဘာလဲ ဆိုတာမျိုးတွေပါ။

မည်သည့်အခက်အခဲကိုမှ မကြောက်ရွံ့ဘဲ ပြဿနာတိုင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း

ယောကျာ်းစစ်၊ ယောကျာ်းမှန်တစ်ယောက်ဟာ သကာရည်လောင်းထားတဲ့ စကားလေးတွေကို ပြောနိုင်ရုံသာမကပဲ လက်တွေ့လည်း ပြနိုင်ရပါမယ်။ ခက်ခဲတဲ့အခြေအနေတွေကြုံလာပြီဆိုရင် သင်မှီခိုဖို့အတွက် ပုခုံးတစ်ဖက်အမြဲတမ်း အဆင်သင့်ရှိနေမှာပါ။

ကိုယ့်ဘာသာပြင်ဆင်ချက်ပြုတ်ခြင်း

ယနေ့ခေတ်မိန်းကလေးတွေအတွက် ဘယ်လိုချက်ပြုတ်ရလဲဆိုတာကို သိပြီး ဟင်းချက်တတ်တဲ့ ယောကျာ်းတစ်ယောက်က အလွန်ဆွဲဆောင်မှုရှိတယ်လို့ တွေးတောလာကြပါတယ်။ ထူးထူးခြားခြားလုပ်စရာမလိုဘဲ သစ်သီးလေးတွေကို အခွံခွာ၊ လှီးပြီး ပန်းကန်ထဲသေချာထည့်ပေးရင်ကို မိန်းကလေးတွေက ပျော်နေရပါပြီ။

 ဉာဏ်ကောင်းတာမဟုတ်ဘဲ ထက်မြက်ခြင်း

အခြားသူတစ်ဦးနဲ့ပြဿနာဖြစ်ချိန်မှာ ဘေးကနေပြီး အကြံဉာဏ်ကောင်းပေးနိုင်မယ့်သူ အနားမှာရှိနေရင်တော့ ထိုမိန်းကလေးဟာ အလွန်ကံထူးသူတစ်ဦးပါ။

ပျော်ရွှင်အောင်လုပ်ပေးနိုင်ခြင်း

ကိုယ့်စိတ်သာယာမှုမရှိချိန်မှာ ဘေးမှနေပြီး ဟာသပြောပေးခြင်း၊ အားပေးခြင်း သို့မဟုတ် စိတ်ပျော်ရွှင်စေမယ့် အခြားအရာလေးများကို လုပ်ဆောင်ပေးဖို့အတွက် အမြဲရှိနေသူပါ။

ကိုယ့်ရဲ့ထင်မြင်ချက်တွေက သူ့အတွက်အရေးပါခြင်း

ခင်ပွန်းနဲ့ဇနီးသည်နှစ်ဦးရဲ့ ဆက်ဆံရေးကြားမှာ အတူတူပေါင်းသင်းနေထိုင်ခြင်းသာမကပဲ တစ်ဦးနဲ့တစ်ဦးအတွက် သူငယ်ချင်း၊ အကြံပေးသူတွေ ဖြစ်သင့်ပါတယ်။ ဆုံးဖြတ်ချက်တွေကို အတူတူပြုလုပ်ခြင်းက ပျော်ရွှင်တဲ့အိမ်ထောင်ရေးရဲ့ အဓိကအချက်တစ်ခုပါ။

Source: Brightside