အခုလိုမျိုး အစစအရာရာ ပွင့်လင်းလာတဲ့ခေတ်မှာ ပျိုမေလေးတွေအနေနဲ့ ကမ်းခြေတွေသွားကြချိန်မှာ ဘစ်ကနီလေးတွေ ဝတ်လာကြပါပြီ။ ဒီလိုမျိုး ကိုယ့်ရဲ့ခန္ဓာကိုယ်အလှကို ဖော်ကျူးနေချိန်မှာ ဘယ်လိုအပြစ်အနာအဆာမှ ရှိချင်ကြမှာမဟုတ်ပါဘူးနော်။

အထူးသဖြင့် ခန္ဓာကိုယ်သဘာဝ မဖိတ်ခေါ်ဘဲ ပေါ်ပေါ်လာတတ်တဲ့ အမွှေးအမျှင်တွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲဖယ်ရှားဖယ်ရှား အချိန်တန်ရင် ပြန်ပြန်ထွက်လာတတ်လို့ ရိတ်တာဖြစ်ဖြစ်၊ နှုတ်တာဖြစ်ဖြစ်၊ Waxing လုပ်တာဖြစ်ဖြစ် နည်းလမ်းပေါင်းစုံကို သုံးရတာလည်း အမောပါပဲ။

ဒီလိုနည်းလမ်းတွေထဲကမှ Waxing ကို အသုံးပြုပြီးတော့ ကိုယ်ခန္ဓာကအမွှေးအမျှင်တွေကို ဖယ်ရှားတတ်တဲ့ ပျိုမေလေးများအနေနဲ့ Waxing မလုပ်ခင်အစောပိုင်းမှာ ကြိုတင်သတိထားရမယ့်အချက်လေးတွေကို သိထားရအောင်လို့ ဝေမျှပေးချင်ပါတယ်။

Waxing မလုပ်ခင် နှစ်ပတ်အလိုကတည်းကစပြီး အမွှေးမရိတ်ပါနဲ့

Waxing လုပ်ဖို့အတွက် ကိုယ့်ရဲ့ခန္ဓာကိုယ်က အမွှေးတွေက သိပ်ပြီးမရှည်သေးဘူးလို့ ထင်နေတယ်ဆိုရင် နှစ်ပတ်အချိန်ပေးလိုက်ပါ။ နှစ်ပတ်မတိုင်ခင်ကတည်းက အမွှေးရိတ်တာကိုမလုပ်ဘဲ ခဏလောက်စောင့်ပေးလိုက်ပါ။

ကဖိန်းနဲ့အရက်တွေကို ရှောင်ရှားပါ

အသားအရေ ထိခိုက်တာမျိုးလို ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားဖို့ရန်အတွက် Waxing မလုပ်ခင် ကဖိန်းနဲ့အရက်တွေကို ရှောင်ရှားတာက အကောင်းဆုံးပါပဲ။ ဒီနှစ်ခုလုံးက Waxing လုပ်နေချိန်မှာ သင့်ရဲ့အာရုံကြောတွေကို တင်းရင်းစေပြီး သက်သောင့်သက်သာမရှိစေတာကြောင့် ရှောင်ပေးပါ။

အသက်ရှူဖို့မမေ့ပါနဲ့

Waxing လုပ်ချိန်မှာ အသားနာမှာဖြစ်လို့ စိတ်လှုပ်ရှားတယ်ဆိုတာဖြစ်သင့်တယ်ဆိုပေမယ့်လည်း Waxing လုပ်နေချိန်တစ်ချိန်လုံးမှာ အသက်ရှူဖို့ မမေ့ပါနဲ့။ သတိရှိရှိနေပြီးတော့ ဝင်လေထွက်လေကို ခပ်ပြင်းပြင်းလေး ဖြည်းဖြည်းချင်းရှူပေးပါ။ အခုလိုလုပ်ပေးခြင်းက ခန္ဓာကိုယ်က တောင့်တင်းနေတာ မျိုးမဖြစ်တော့ဘဲ သက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။

တစ်ယောက်ယောက်နဲ့စကားပြောပါ

Waxing လုပ်နေချိန်မှာ ဘေးနားက တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောပေးခြင်းက စိတ်ပြေလက်ပျောက်ဖြစ်စေကာ အသားနာတာကို အာရုံမရောက်အောင် လွှဲထားသလိုဖြစ်စေနိုင်ပါတယ်။

Waxing လုပ်မယ်ဆိုရင် နေလောင်မခံပါနဲ့

Waxing လုပ်ဖို့စဥ်းစားထားသူတွေအနေနဲ့ နည်းနည်းလေးတောင်နေလောင်ခံလို့မရပါဘူး။ နေလောင်ခံထားပြီး Waxing လုပ်ခြင်းက အသားအရေအတွက် အင်မတန်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ နှစ်နာရီခြားတစ်ခါ SPF ကို မှန်မှန်လိမ်းပေးပါ။

ကိုယ်ခန္ဓာအမွှေးအမျှင်ကို ၁ လက်မ မရှိတရှိဖြစ်အောင် တိပေးပါ

Waxing မလုပ်ခင် စပ်ကြားတွေမှာ အမွှေးနှုတ်ခြင်းမှ ရှောင်ရှားပါ။ Waxing လုပ်ဖို့အတွက် အမွှေးရှည်လွန်းရင်လည်းမကောင်းသလို တိုလွန်းရင်လည်း လုပ်လို့မရပါဘူး။ ဒါကြောင့်မို့ Waxing မလုပ်ခင် စောစောစီးစီးကတည်းက ကြိုတင်ပြီးတော့ ၁ လက်မလောက်မရှိတရှိလေး အရှည်ဖြစ်အောင် နည်းနည်းတိပေးသင့်ပါတယ်။