အားလုံးပဲမင်္ဂလာပါနော်။ ဆံပင်ကောက်ဖို့ စိတ်ကူးနေတဲ့သူတွေရှိလား။ ဆံပင်ကောက်ဖူးတဲ့သူတွေအနေနဲ့ ဆံပင်ကောက်လိုက်ပြီးမှ မကောက်ခဲ့ရင်ကောင်းသား၊ ငါနဲ့လည်းမလိုက်ဘူးဆိုပြီး နောင်တရဖူးတဲ့သူကောရှိလားရှင့်။

ဒီလို ဆံပင်ကောက်ပြီးမှ နောင်တရတာမျိုးမဖြစ်စေဖို့ ဆံပင်မကောက်ခင် ဘယ်လိုအချက်လေးတွေ သိထားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ ကောက်မယ့် ပုံစံကိုရွေးချယ်ပါ

ဆံပင်မကောက်ခင် ကိုယ်ဘယ်လိုပုံစံမျိုးကောက်မလဲ။ ဘယ်လိုပုံလေးက ကိုယ်နဲ့ လိုက်ဖက်မလဲဆိုတာကို သေချာရွေးချယ်ထားဖို့လိုပါတယ်။

၂။ ဆိုင်ကိုသေချာရွေးချယ်ပါ

ကိုယ်သွားကောက်မယ့် ဆိုင်က တကယ်ကော စိတ်ချရရဲ့လား။ အဲဒီဆိုင်က စတိုင်လ်လစ်ကရော ဆံပင်ကို တကယ်ကျွမ်းကျင်တဲ့သူလားဆိုတာ သေချာလေ့လာသင့်ပါတယ်။ သူက ကိုယ့်ကို ဆံပင်နဲ့ ပတ်သက်ပြီး အကြံပြုနိုင်မပြုနိုင်ကိုလည်း သေချာစဉ်းစားပါ။ ကိုယ်လိုချင်တဲ့ပုံစံကိုပြောပါ။

၃။ ဆံပင်ပျက်စီးမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ပါ

ဆံပင်ကောက်မယ်ဆိုရင် အနည်းနဲ့ အများတော့ ဆံပင်ပျက်စီးမှာဖြစ်ပါတယ်။ ဆေးဘယ်လောက်ကောင်းကောင်း ဆံပင်ပျက်ပါတယ်။ ဒါ့ကြောင့် ဆံပင်ကိုသေချာ ဂရုစိုက်ပါ။ ခေါင်းလျှော်တိုင်း ဆံပင်ပျော့ဆေးထည့်ပါ။ ဆံပင်ပေါက်းဆိုင်မှာလည်းတစ်လ ၂ ကြိမ်လောက် သွားရောက်ပေါင်းတင်ဖို့ အကြံပြုချင်ပါတယ်။

ဒီအချက်လေး (၃) ချက်က ဆံပင်ကောက်မယ့်သူတွေအတွက် အရေးကြီးဆုံးအချက်တွေပါပဲ။ ဆံပင်ကောက်လိုက်ရင် သင့်ရဲ့ ပုံစံ ပြောင်းလဲသွားမှာပါ။ အဲဒီအတွက် သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိဖို့လိုပါတယ်နော်။

ဆံပင်အကောက်ပုံတချို့ကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင့်။ အားလုံး အဆင်ပြေကြပါစေနော်။

Photo: www.pinterest.com

By: MyStyle Myanmar