မင်္ဂလာပါ…. ပျိုမဒီတို့ရေ….  တတ်တူးဆိုတာ အခုနောက်ပိုင်း လူကြီးလူငယ်တော်တော်များများမှာ တွေ့ရတဲ့ Body Art တစ်ခုပါပဲ။ ခန္ဓာကိုယ်ရဲ့ စိတ်ကြိုက်နေရာတွေမှာ ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုး ၊ အဓိပ္ပာယ်အမျိုးမျိုးနဲ့ ထိုးလေ့ရှိကြပါတယ်။

တတ်တူးထိုးတော့မယ်ဆိုရင် တက်တူးပညာရှင်ဆီမရောက်ခင် ကြိုတင်ပြင်ဆင်မှုအချို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့တော့ လိုပါတယ်။ တကယ်လို့ နောက်ကျောမှာ တတ်တူးထိုးဖို့စဥ်းစားနေရင်တော့ အခုပြောပြမယ့်အချက်တွေကို သတိထားသင့်ပါတယ်။

ကျန်းမာရေးကိုထည့်တွက်ပါ

နောက်ကျောတက်တူးထိုးဖို့ မစဉ်းစားခင်မှာ ဆရာဝန်နဲ့ပတ်သက်တဲ့ ပြဿနာမှန်သမျှကို တွေးထားဖို့တော့ လိုပါလိမ့်မယ်။ ခါးရိုးနာတတ်တဲ့လူတွေ ၊ ကျောရိုးပြဿနာရှိတဲ့လူတွေ အထူးသဖြင့် ခါးအောက်ပိုင်းပြဿနာ ရှိရင် နောက်ကျောမှာ တတ်တူးထိုးဖို့ မသင့်ပါဘူး။ ရောဂါကြောင့် လိုအပ်တဲ့အခါ ခွဲစိတ်မှုတွေပြုလုပ်ရတတ်တာကြောင့်ပါ။

ရေများများသောက်ပါ

နောက်ကျောတစ်ခုတည်းတင်မဟုတ်ဘဲ ဘယ်နေရာမှာမဆို တက်တူးမထိုးခင်မှာ အစာစားပြီး ရေဓာတ်ပြည့်ဝနေစေဖို့ အရေးကြီးပါတယ်။  တတ်တူးထိုးနေတုန်း သွေးထွက်လွန်တာမျိုးမဖြစ်စေဖို့ ရက်ချိန်းမတိုင်ခင် သုံးလေးရက်လောက် အရက်ရှောင်သင့်ပါတယ်။ ဒါ့အပြင် နေရာင်ခြည်နဲ့ထိတွေတာကိုလည်း ရှောင်ဖို့လိုအပ်ပါတယ်။

ကူးစက်ရောဂါသတိထားပါ

တတ်ထူးထိုးပြီးတဲ့အခါတိုင်း ရောဂါပိုးရဲ့လက္ခဏာတွေကို စောင့်ကြည့်ပါ၊၊ ဆီကို မှန်မှန်လိမ်းပေးပြီး ဒဏ်ရာကို သေချာဂရုစိုက်ပါ၊၊ တက်တူးကို ရေကူးကန်တွေလိုမျိုး ထိတွေ့နိုင်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ပါ။

SPF ကိုသုံးပါ

နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့က အရေးကြီးဆုံးအချက်ဖြစ်တာကြောင့် နေရောင်ထိတွေ့ရမယ့်နေရာတွေ သွားရမယ်ဆို မဖြစ်မနေ SPF ကိုသုံးပေးပါ။

လိမ်းဆေးကောင်းကောင်းသုံးပါ

နောက်ကျောမှာ တက်တူးထိုးပြီးရင် အနာမကျက်ခင်မှာ တက်တူးကို အစိုဓာတ်ကောင်းကောင်းရစေဖို့ အရေးကြီးသလို ကုတ်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ဘယ်သူမဆို လက်ကို မလိမ်းခင် လက်ကို သန့်စင်အောင် ဆေးဖို့တော့လိုပါတယ်။