ကိုယ်နှစ်နှစ်ကာကာချစ်ခဲ့ရတဲ့ သူတစ်ယောက်ကို မေ့ပစ်နိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဘဝထဲကပါ အပြီးတိုင်ထုတ်ပစ်ဖို့ဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါပေမယ့်လည်း မဖြစ်နိုင်တဲ့ အခြေအနေကိုရောက်လာရင်တော့ ဘဝထဲကနေပါ ထုတ်ပစ်ရမှာပါပဲ။ ဒီအရာတွေက သင်အရမ်းကို နှစ်နှစ်ကာကာချစ်ရတဲ့ သူတစ်ယောက်ကို ဘဝထဲကနေထုတ်ပစ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုချစ်ဖို့သတိရပါ

ကိုယ့်ကိုယ်ကိုပဲ ပိုချစ်ပါ၊ ပိုတန်ဖိုးထားပြီး ဂရုစိုက်ပေးပါ။ ကိုယ်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ အားလုံးကိုလုပ်ပြီး စိတ်ချမ်းသာအောင်နေပါ။ ကိုယ့်ပျော်ရွှင်မှုအတွက်ပဲ ဦးစားပေးပါ။ တခြားသူကို စိတ်နှစ်ပြီး အပင်ပန်းခံပြီး ချစ်နေမယ့်အစား ကိုယ့်ကိုယ်ကိုသာ ပိုချစ်ပေးပါ။

စကားများများပြောပါ

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်စကားလာပြောတဲ့သူ chat တဲ့သူတွေနဲ့ပဲဖြစ်ဖြစ် စကားများများပြောပေးခြင်းက စိတ်သက်သာရာရစေပါတယ်။ တစ်ယောက်ထဲနေပြီး တွေးနေရင် မေ့ပစ်ဖို့က ပိုခက်ခဲပါတယ်။ ဒါကြောင့် စကားများများပြောပြီး ရယ်မောနေပါ။ အပြင်လျှောက်သွားပြီး ပျော်ပါးပစ်ပါ။

အရာအားလုံးကိုဖယ်ထုတ်ပစ်ပါ

သူနဲ့ပတ်သက်တဲ့အရာမှန်သမျှ သေးသေးလေးကအစ ဘာမှမကျန်အောင် အရာအားလုံးကို ဖယ်ထုတ်ပစ်ပါ။ ဖြစ်နိုင်ရင် သူ့ကိုရော၊ သူနဲ့ပတ်သက်တဲ့သူတွေရော အားလုံးကို block ထားတာ ပိုကောင်းပါတယ်။ မျက်စိရှေ့ပြန်ပေါ်လာရင် အနာဟောင်းကိုပြန်စွသလို ခံစားချက်တွေ ပြန်ဖြစ်လာမှာကြောက်ရင် block ထားပါ

ကိုယ့်ဘဝတက်လမ်းကိုရှာဖွေပါ

အရမ်းကိုနှစ်နှစ်ကာကာ ချစ်ခဲ့ရတဲ့သူတစ်ယောက်ကို မေ့ပစ်ပြီး ဘဝထဲကပါ ထုတ်ပစ်နိုင်ဖို့ မအားအောင်နေရပါမယ်။ ကိုယ့်ဘဝတက်လမ်းအတွက် အသစ်အသစ်တွေကို ရှာဖွေပြီး ကြိုးစားလုပ်ဆောင်ကြည့်ပါ။ အရင်ထက်ပိုပြီး အလုပ်ကြိုးစားပါ။ ပိုက်ဆံရှာပါ။ ဒီလူအကြောင်းကို မတွေးမိတဲ့အချိန်တွေများလာလေ မြန်မြန်မေ့ပစ်နိုင်လေဖြစ်မှာပါ။