သူငယ်ချင်းတွေနဲ့ တွေ့ရတဲ့ အချိန်ဆိုရင်အချိန်ကုန်မြန်ပြီး အမြဲဒီတိုင်းလေးပဲ နေချင်တယ်ဆိုတဲ့ စိတ်မျိုး အခင်ဆုံး သူငယ်ချင်းတွေ ပိုင်ဆိုင်ထားသူတိုင်း ဖြစ်ဖူးမှာပါ။ သင့်အနေနဲ့ သူငယ်ချင်းအတွက် အတတ်နိုင်ဆုံး အားရင် အားသလို အချိန်ပေးသင့်ပါတယ်။ သူငယ်ချင်းဆိုတာက ဘဝရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်စိတ်တစ်ဒေသ ပါ။

သင်က ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ ဆုံရင် ဘယ်လိုအချိန်ကုန်ဆုံးလေ့ရှိလဲ။ အခုဖော်ပြထားတဲ့ အရာတွေကတော့ သင့်သူငယ်ချင်းတွေနဲ့ အားလပ်ရက်မှာ ဆုံတဲ့အချိန် ထပ်လောင်း ထည့်လို့ရမယ့် အရာတွေပါ။

၁။ ဓာတ်ပုံလှလှလေးတွေ ရိုက်ပါ

ငယ်ရွယ်မှုဆိုတာက သင် အသက်ကြီးလာတဲ့ တစ်ချိန် ပြန်ကြည့်ရမယ့် အမှတ်တရ တစ်ခုပါ။ သင့်သူငယ်ချင်းတွေနဲ့ အတူ ငယ်ရွယ်ပျော်ရွှင်မှု အမှတ်တရတွေကို မှတ်တမ်းတင်ထားသင့်ပါတယ်။

၂။ မုန့်အတူတူစားပါ

ကော်ဖီ၊ ရေခဲမုန့်စတဲ့ ချိုမြိန်တဲ့ မုန့်တွေကို သူငယ်ချင်းတွေ စုံတဲ့အချိန် Light Meal အနေနဲ့ စားသင့်ပါတယ်။ ခေါင်းမဖော်တမ်း စားရတဲ့ Heavy Meal တွေ ဖြစ်တဲ့ Hotpot, မာလာရှမ်းကော တို့ကို ခဏ ရှောင်ထားသင့်ပါတယ်။

၃။ Face Mask ကပ်ပါ

သူငယ်ချင်းနဲ့ တွေ့တဲ့အချိန် လုပ်နိုင်တာကတော့ အလှအပ ဆိုင်ရာ Face Mask ကပ်တာပါ။ ဒါ့အပြင် တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ပြီး ဟာသလုပ်ကာ ရယ်မောနိုင်ပါသေးတယ်။

၄။ အားကစား တစ်ခုခု လုပ်ကြည့်ပါ

သင်က သူငယ်ချင်း အုပ်စုတောင့်ရင် လူအများ နဲ့ ဆော့ရတဲ့ အားကစားတစ်မျိုးမျိုး ကစားကြည့်သင့်ပါတယ်။ ဒီလို ကစားလိုက်တာကြောင့် အရင်ထက် စည်းလုံးမှု ပိုရှိလာပါလိမ့်မယ်။

၅။ ပျော်ပွဲစားထွက်ပါ

သူငယ်ချင်းတွေနဲ့ အတူ တစ်နေရာရာ သွားရတာက လွတ်လပ်ပြီး ပျော်စရာကောင်းလှပါတယ်။

၆။ ဆင်တူ တက်တူးထိုးပါ

သင်တို့ သူငယ်ချင်းတွေက အရင်းနှီးဆုံး မိတ်ဆွေတွေ ဆိုရင်တော့ အဓိပ္ပာယ် ကိုယ်စီ ရှိတဲ့ တက်တူးလေးတွေ အားလပ်ရက်မှာ အမှတ်တရ ထိုးနိုင်ပါတယ်။ တက်တူးက အချိန်အကြာကြီး ရှိသွားသလို သင်တို့ သူငယ်ချင်းတွေ ရဲ့ တည်မြဲတဲ့ သံယောဇဉ်ကိုလည်း ဖော်ကျူးရာ ရောက်ပါတယ်။

သင်က ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်လား ပြောပြခဲ့ပါဦး။