အားလုံးပဲမင်္ဂလာပါ။ သင့်ဘဝမှာ သင်လက်ရှိကိုင်ထားတဲ့ ဖုန်းသာမရှိရင် သင်ဘာတွေလုပ်နေမလဲ။ ဒီလိုဘဝမျိုးကိုကော သင်တွေးဖူးလား။ Facebook, Instagram စတဲ့ Social Media မသုံးရတဲ့ဘဝက ဘယ်လိုနေမလဲ။ အထူးသဖြင့် ကလေးတွေ၊ အသက်ငယ်တဲ့လူငယ်တွေအနေနဲ့ Social Media မသုံးသင့်ပါဘူး။ Social media က တစ်ခါတလေ သင့်ကို စိတ်ဓာတ်ကျစေပါတယ်။ သင်က လက်ရှိအိမ်မှာနေရင်း ပျင်းနေတယ်ဆိုရင်တော့ Social Media သုံးမိမှာပါပဲ။

တကယ်လို့ သင်က Social Media မသုံးချင်ဘူးဆိုရင်တော့ ဒီအရာတွေကို အစားထိုးပြုလုပ်နိုင်ပါတယ်။

၁။ စာအုပ်ဖတ်ပါ


ကာတွန်းစာအုပ်၊ ဝတ္ထုစာအုပ်၊ ရသစာပေစသဖြင့် ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ဖတ်နိုင်ပါတယ်။ Social Media သုံးတာထက်စာရင် ပိုစိတ်ချမ်းသာပါတယ်။

၂။ စာအုပ်ထဲချရေးပါ

ကျွန်မတို့က ပျင်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်ဆိုရင် အကြောင်းမရှိဘဲ Social Media သုံးမိနေတတ်ပါတယ်။ ဒီလိုသုံးနေတဲ့အချိန် ပိုမပျော်သွားဘဲ စိတ်ပိုညစ်သွားတာဖြစ်နိုင်ပါတယ်။ ကိုယ်ခံစားချက်တွေကို စာအုပ်ထဲ ချရေးတာက အလေ့အကျင့်ကောင်းတစ်ခုပါ။


၃။ တစ်ယောက်ယောက်ကို ဖုန်းခေါ်ပါ

နယ်မှာနေတဲ့ အကို၊ မောင်နှမ၊ အဘိုးအဘွားတွေဆီ ဖုန်းဆက်တာမျိုး ပြုလုပ်နိုင်ပါတယ်။ ကိုယ်မဆက်သွယ်ဖြစ်တာကြာတဲ့ လူတစ်ယောက် ယောက်ကို ဆက်သွယ်ပြီး သာကြောင်းမာကြောင်း မေးမြန်းနိုင်ပါတယ်။

၄။ သင်မလုပ်ဖြစ်တဲ့ အချိန်မပေးဖြစ်တဲ့အရာတွေကို ချရေးပါ


သင် လုပ်ချင်ပေမယ့် တစ်ခါမှ မလုပ်ဖြစ်သေးတဲ့အရာတွေရှိမှာပါ။ ဥပမာ – ချက်ပြုတ်တဲ့အလုပ်ကို လုပ်ချင်ပေမယ့် တစ်ခါမှ မလုပ်ဖြစ်တာမျိုးပါ။ ဒီလို မလုပ်ဖြစ်တာတွေကို စာအုပ်ထဲချရေးပြီး တစ်နေ့တစ်မျိုး ပြုလုပ်သွားနိုင်ပါတယ်။

၅။ ဇာတ်လမ်း ဒါမှမဟုတ် Documentary တစ်ခုခုကိုကြည့်ပါ

သင့်ဦးနှောက်က သင်ယူချင်စိတ် ထက်သန်တယ်ဆိုရင် Documentary တစ်ခုခုကိုကြည့်သင့်ပါတယ်။ တကယ်လို့ မကြည့်ချင်ဘူးဆိုရင်တော့ သင့်စိတ်ကို ပေါ့ပါးစေမယ့် ဇာတ်လမ်းတွေကို ကြည့်နိုင်ပါတယ်။


၆။ Gratitude List ရေးပါ

သင့်ဘဝကို မကျေမနပ်ဖြစ်လာတဲ့အချိန်၊ ဘာလို့ ဒီကမ္ဘာမှာ သင်တစ်ယောက်တည်း ကံဆိုးနေတာလဲလို့ တွေးမိတဲ့အချိန် Gratitude List ကျေးဇူးတင်စာရင်း ရေးတာက နည်းလမ်းကောင်းတစ်ခုပါ။ ကိုယ်ကျေးဇူးတင်မိတဲ့အရာတွေကို ချရေးကြည့်ပါ။

၇။ ကိုယ့်ရည်မှန်းချက်တွေ ကိုယ်လုပ်မယ့်အရာတွေကို အစီအစဉ်အလိုက်ချရေးကြည့််ပါ

List မလုပ်ထားဘူးဆိုရင် ဘာပြီးရင် ဘာလုပ်ရမလဲ မသိ လမ်းပျောက်နေတတ်ပါတယ်။ ကိုယ့်ရည်မှန်းချက်အကြီးကြီးကို သေးသေးလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာပြီး တစ်ဆင့်ချင်းဆီ လှမ်းနိုင်ပါတယ်။


၈။ လိုအပ်တဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံပါ

ငွေကြေးရင်းနှီးမြှုပ်နှံတာ၊ အချိန် ရင်းနှီးမြှုပ်နှံတာ၊ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံတာ စသဖြင့် ကိုယ့်ဘဝတိုးတက်မယ့်နေရာတွေမှာ အချိန်ပေးနိုင် ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar