သင်က အပြင်ထွက်ဖို့ အခွင့်အရေးမရတဲ့အခါ ကိုယ့်ကိုကိုယ် ပျော်အောင် ကြံဖန် ဖန်တီးရပါတော့တယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုက ကိုယ့်လက်ထဲမှာပဲ ရှိတာကိုတော့ အထူး ပြောစရာမလိုလောက်တော့ပါဘူး။ ဒီတော့ အိမ်ပြင်မထွက်ဘဲ အိမ်မှာနေတဲ့အချိန် ပျော်စရာကောင်းစေဖို့ ပြုလုပ်နိုင်တဲ့ အရာ(၉) ခုကို ကြည့်လိုက်ရအောင်နော်-

၁။ ပန်းချီဆွဲပါ

ပန်းချီဆွဲတတ်မှ ဆွဲနိုင်တာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကူးထဲ ပေါ်လာတာကို စာအုပ်ထဲ ချခြစ်လို့ရပါတယ်။ ပန်းချီဆွဲတာက ကိုယ့်ဖန်တီးနိုင်စွမ်းကို တက်စေပါတယ်။

၂။ ဇာတ်လမ်းကြည့်ပါ

တစ်နေ့လုံး ကိုယ် ကြည့်ချင်တဲ့ ဇာတ်ကားပေါင်းများစွာကို စိတ်ကြိုက်ကြည့်ပစ်ပါ။

၃။ စာအုပ်ဖတ်ပါ

ကမ္ဘာသစ်ထဲ ရောက်သွားဖို့ စာအုပ်ဖတ်နိုင်ပါတယ်။

၄။ ဆံပင်စတိုင်အသစ် လုပ်ကြည့်ပါ

တစ်ခါမှ မစည်းဖူးတဲ့ ဆံပင်ပုံစံတွေကို Tutorial တွေ ကြည့်ပြီး စည်းနိုင်ပါတယ်။

၅။ ဓာတ်ပုံရိုက်ပါ

ကိုယ်ကတော့ အိမ်မှာ ဘယ်လိုနေရတယ်ဆိုတာကို အမှတ်တရ ဓာတ်ပုံရိုက်နိုင်ပါတယ်။

၆။ အခန်းကို အလှဆင်ပါ

ကိုယ့်အခန်းကို စိတ်ကူးယဉ်ပုံစံလေး ရအောင် ဖန်တီးအလှဆင်နိုင်ပါတယ်။

၇။ လေ့ကျင့်ခန်းလုပ်ပါ

Home Workout မျိုးစုံကို ရှာဖွေပြီး လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

၈။ စီစဉ်ပါ

ကိုယ့်အခန်း၊ ကိုယ့်အိမ်ပစ္စည်းတွေကို သန့်ပြန့်အောင် နေရာတကျဖြစ်အောင် စီစဉ်နိုင်ပါတယ်။

၉။ ဟင်းတစ်မျိုးချက်ပါ

ကိုယ်စားချင်တဲ့ အစားအသောက်ကို ချက်နည်းရှာပြီး ချက်ပြုတ်နိုင်ပါသေးတယ်။

အပေါ်က အချက်တွေထဲက ဘယ်အချက်ကို လုပ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar