အပြင်ကနေပြန်လာရင် လူပင်ပန်းတာက ဘာမှမလုပ်ပဲ နားလိုက်ရင် အဆင်ပြေပေမယ့် စိတ်ပါပင်ပန်းရင်တော့ အဆင်မပြေဖြစ်ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အပြင်ကပြန်လာပြီး စိတ်ရောကိုယ်ပါ ပင်ပန်းလာတဲ့အခါမှာ စိတ်သက်သာရာရပြီး အဆင်ပြေအောင် ဒီအရာတွေကို လုပ်လို့ရပါတယ်။

ရေချိုး Scrub တိုက်ပါ

အပြင်ကပြန်လာပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနေရင် အိပ်ယာထဲမှာပဲ ခွေခေါက်နေတာမျိုး မလုပ်ပါနဲ့။ ရေစိမ်ချိုးပြီး scrub တိုက်တာမျိုးတွေ လုပ်ပေးပါ။ စိတ်ရောကိုယ်ပါ ပင်ပန်းမှုတွေ လျော့ကျပြီး ညောင်းညာမှုတွေလည်း ပြေလျော့စေပါတယ်။ Fresh ဖြစ်သွားစေပါတယ်။

အိပ်ပါ

ဘာမှလုပ်ချင်စိတ်မရှိရင် အပေါ်မှာပြောခဲ့သလို ရေချိုး scrub တိုက်ပြီးတော့ အိပ်လိုက်ပါ။ အရမ်းကို အိပ်လို့ကောင်းသွားပါလိမ့်မယ်။ အိပ်လိုက်ရင် ဘာမှလည်းမသိတော့သလို ဘာမှလည်းမတွေးဖြစ်တော့ပါဘူး။ အိပ်ရေးဝရင် စိတ်လည်းကြည်ပြီး အရင်ထက် ပိုအဆင်ပြေသွားပါလိမ့်မယ်။

အရသာရှိတာတွေစားပါ

အစားတစ်လိုင်းလေးတွေကတော့ စိတ်ရောကိုယ်ပါ ပင်ပန်းရင်ပဲဖြစ်ဖြစ်၊ စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် အရသာရှိတဲ့ အစားအသောက်တွေကို စားလိုက်ပါ။ စိတ်ကျေနပ်မှုရပြီး ပင်ပန်းမှုတွေ ပြေပျောက်သွားပါလိမ့်မယ်။

Massage လုပ်ပါ

Massage လုပ်ပေးခြင်းက စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေပြီး စိတ်ဖိစီးမှုတွေလည်း ပြေပျောက်စေပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်ပြီး နေလို့လည်းပိုကောင်းသွားပါစေတယ်။ ပိုပြီးတော့လည်း အိပ်လို့ကောင်းစေပါတယ်။

အနာယူပြီးစိတ်ပျော်စေမယ့်အရာလုပ်ပါ

အေးအေးဆေးဆေးအနားယူပြီး ကိုယ့်စိတ်ပျော်မယ့်အရာတွေကို လုပ်နေလိုက်ပါ။ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာ၊ စာအုပ်ဖတ်တာ၊ တစ်ခုခု ကိုယ်လုပ်ချင်တာသာ လုပ်နေလိုက်ပါ။ စိတ်ပြေလက်ပျောက်ဖြစ်ပြီး နေလို့ပိုအဆင်ပြေသွားပါလိမ့်မယ်။ ကိုယ့်စိတ်ပျော်တဲ့အရာတွေကို လုပ်နေရရင် စိတ်ပင်ပန်းမှုတွေကိုလည်း မေ့ပျောက်နေစေပါတယ်။