အသားအရေ glow တာ၊ ဖြူတာထက် အသားအရေက စိုပြည်ပြီး ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အသားအရေလေးကောင်းနေတာပါပဲ။ အဲ့အတိုင်း ပုံမှန်လေးသာ skin ကို ဂရုစိုက်သွားမယ်ဆိုရင် အသားအရေက ကြည်လာမှာပါပဲ။ ဒါကြောင့် အဓိကကျတဲ့ အသားအရေစိုပြည်ပြီး ရေဓာတ်ပြည့်ဝနေစေဖို့ ပုံမှန်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ရေသောက်နည်းရင် အသားအရေမွဲခြောက်လာမှာပါ။ Skincare လိမ်းလည်း အသားအရေက မွဲခြောက်သလို ဖြစ်နေစေပါတယ်။ ရေများများသောက်ပေးခြင်းက အသားအရေစိုပြည်ပြီး ကိုယ်ရည်စစ်စေပါတယ်။

Cleansing သေချာလုပ်ပါ

Cleansing သေချာမလုပ်ရင် အသားအရေညစ်ပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံ အဆီဖုထွက်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် cleansing သေချာလုပ်ပေးပါ။

Toner, Serum, Moisturizer

Toner နဲ့ moisturizer ကတော့ basic skincare step ပါပဲ။ မနက်ညလိမ်းပေးရမှာပါ။ Toner ကို ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုး ရွေးသုံးပေးပြီး moisturizer ကိုလည်း ရေဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တာမျိုး ရွေးသုံးပေးပါ။ ညဘက်မှာတော့ serum ကောင်းကောင်းလေး လိမ်းပေးပါ။ ဒီ step သုံးမျိုးထဲနဲ့တင် အသားအရေစိုပြည်ပြီး ရေဓာတ်ပြည့်ဝနေမှာ ဖြစ်တဲ့အပြင် အသားအရေလည်း ကြည်လင်လာမှာပါ။

Exfoliate လုပ်ပါ

တစ်ပတ်တစ်ကြိမ် exfoliate ပုံမှန်လုပ်ပေးပါ။ Sensitive skin တွေဆိုရင် mild ဖြစ်တဲ့ exfoliate လုပ်ပေးပါ။ Exfoliate ပုံမှန်လုပ်ပေးမှ dead cells တွေကို ဖယ်ရှားနိုင်ပြီး အသားအရေလည်း ပိုကြည်လင်ပြီး ချောမွေ့လာမှာပါ။

Sunscreen လိမ်းပါ

မဖြစ်မနေလိမ်းရမှာကတော့ sunscreen ပါပဲ။ Sunscreen ကို ကောင်းကောင်းလေး သုံးပေးသင့်ပါတယ်။ နေရောင်ခြည်ဒဏ်ကို သေချာကာကွယ်ပေးနိုင်မှသာ skin problem တွေ ဖြစ်မလာမှာပါ။

အသီးအရွက်၊ အသီးအနှံ

အသားအရေစိုပြည်ကြည်လင်ပြီး လှပချင်ရင် အသီးအရွက်၊ အသီးအနှံတွေကို ပုံမှန်ထက်ပိုပြီး များများစားပေးပါ။ အသီးဖျော်ရည်တွေလည်း သောက်ပေးပါ။