မိုးရာသီရောက်လို့ မိုးရွာပြီဆိုရင် အများစု လုပ်ချင်ကြတာက စောင်လေးခြုံပြီး ကွေးဖို့ ဖြစ်နိုင်ပါတယ်။ မိုးရာသီမှာ အပြင်ထွက်ရတဲ့ အချိန်ကလွဲရင် အိမ်မှာ နေရတဲ့ Feel ကို လူတိုင်း သဘောကျကြပါတယ်။ သင်ကိုယ်တိုင်လည်း သဘောကျနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မိုးရွာတဲ့နေ့တွေမှာ လုပ်နိုင်မယ့် အရာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ မိုးစက်သံကို နားထောင်ပါ

အများစုက လက်ရှိအချိန်ကို အာရုံမစိုက်နိုင်ဘဲ အတွေးတွေထဲ မြောနေတတ်ကြပါတယ်။ တကယ်လို့ လက်တွေ့အချိန်ကို အာရုံစိုက်မယ်ဆိုရင် မိုးရွာတဲ့အချိန် မိုးစက်သံတွေကို သေသေချာချာ ရှင်းရှင်းလင်းလင် ကြားနိုင်ပါလိမ့်မယ်။

၂။ Journaling လုပ်တာ

သီချင်းလေး ဖွင့်ထားပြီး ကိုယ့်ခံစားချက်တွေကို စာအုပ်ထဲ ချရေးတာကလည်း မိုးရွာတဲ့အချိန် လုပ်လို့ကောင်းတဲ့ Activity တစ်ခုပါပဲ။

၃။ Card Games နဲ့ ပဟေဠိဆော့မယ်

မိုးရွာတဲ့အချိန် ဘယ်မှမသွားဘဲ ကိုယ့်မိသားစု ဒါမှမဟုတ် ကိုယ်ချစ်ရသူနဲ့ ကတ်ကစားတာ၊ ပဟေဠိ ကစားတာတွေ လုပ်နိုင်ပါတယ်။

၄။ ဇာတ်လမ်းကြည့်မယ်

ပိတ်ရက်မှာ အိမ်ထဲ နေတဲ့အချိန် မိုးရွာနေတယ်ဆိုရင်တော့ သင် ကြည့်မယ် ရည်ရွယ်ထားတဲ့ ဇာတ်လမ်းတွေကို တစ်ဝကြီး ထိုင်ကြည့်လို့ရပါတယ်။

၅။ အနားယူပါ

ဒါကတော့ ပြောစရာတောင် မလိုပါဘူး။ တော်တော်များများ မိုးရာသီမှာ လုပ်ကြမယ့် Activity တစ်ခု ဖြစ်နိုင်ပါတယ်။

၆။ မိုးရေထဲ လမ်းလျှောက်ပါ

သင်က ရပ်ကွက်သန့်သန့်ပြန့်ပြန့်မှာ နေထိုင်တယ်ဆိုရင်တော့ ဒါကို လုပ်နိုင်ပါတယ်။ ထီးတစ်ချောင်းနဲ့ မိုးရေထဲ လမ်းလျှောက်နိုင်ပါတယ်။

၇။ နွေးနွေးလေးတွေ သောက်ပါ

ကော်ဖီနွေးနွေးလေး၊ ချောကလက် နွေးနွေးလေး စတာတွေက မိုးရွာတဲ့အချိန် သောက်လို့ ကောင်းတဲ့ ဖျော်ရည်တွေပါ။ သင့်ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ အစားအသောက်တွေကလည်း မိုးရွာတဲ့အချိန်နဲ့ လိုက်ဖက်လေ့ရှိပါတယ်။

၈။ သန့်ရှင်းရေးလုပ်တာ

အပြင်မှာ မိုးရွာနေတယ်ဆိုရင် ကိုယ့်အိမ်ရဲ့ အခန်းကို ရှင်းနေနိုင်ပါတယ်။ သီချင်းလေး ဖွင့်ရင်း အေးအေးဆေးဆေး သန့်ရှင်းရေး လုပ်နိုင်ပါတယ်။

၉။ စာအုပ်ဖတ်တာ

မိုးရေစက်သံတွေနဲ့ စာအုပ်ဖတ်တာကတော့ အထူးသဖြင့် Introvert တွေ သဘောကျတဲ့ Activity ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar