ပျိုမေတို့ဘောင်းဘီတိုလေးတွေဝတ်တဲ့အချိန်မှာ အမွှေးမ ျှင်တွေမရှိပဲ ချောမောနေတာမျိုးကို ပိုင်ဆိုင်ချင်ကြတဲ့အတွက် Shaving တွေလုပ်လာကြပါတယ်။ Razor နဲ့အသားအရေပေါ်မှာရှိနေတဲ့ အမွှေးမ ျှင်တွေကို ဖယ်ရှားတယ်ဆိုတာ အနည်းနဲ့အများတော့ အသားအရေကိုထိခိုက်ပျက်စီးမှုတွေရှိနိုင်ပါတယ်။ ဒီလိုမျိုး ပျက်စီးမှုတွေမဖြစ်ရလေအောင် ကြိုတင်ပြီးလုပ်ထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Shaving လုပ်တော့မယ်ဆိုရင် အရင်ဆုံးသန့်ရှင်းရေးလုပ်ပါ။ Shaving လုပ်မယ့်နေရာကို ဆပ်ပြာတွေ၊ ရေတွေနဲ့သေချာသန့်စင်ပေးတာမျိုးက အသားအရေကိုနူးညံ့စေပြီး အရေပြားပေါ်မှာရှိနေတတ်တဲ့ အဆီတွေကိုကုန်သွားစေတာကြောင့် ပိုမိုသန့်စင်စေပါတယ်။

Shaving Cream တွေကိုသုံးပေးဖို့လိုပါတယ်။ ဈေးကွက်ထဲမှာ Shaving Cream တွေကိုအလွယ်တကူဝယ်ယူလို့ရနေပြီဆိုတော့ ပျိုမေတို့လည်းဆောင်ထားဖို့လိုအပ်ပါလိမ့်မယ်နော်။ Shaving လုပ်တဲ့အခါမှာ Cream လေးကိုအရင်လိမ်းပြီးမှ လုပ်ပေးတော့ ပိုပြီးတော့သန့်စင်စေပြီး လွယ်ကူချောမွေ့စေပါတယ်။

Shaving လုပ်ပြီးသွားတဲ့အခါမှာ အသားအရေကို တင်းတင်းရင်းရင်းပြန်ဖြစ်စေပြီး ချောမွေ့နေစေဖို့ ရေအေးနဲ့လောင်းချပြီး သန့်စင်ပေးတာမျိုးတွေကိုလည်း လုပ်သင့်ပါတယ်နော်။

Razor ကိုလည်းမကြာခဏလဲပေးပါ။ Razor တွေကဈေးကြီးလွန်းတဲ့အရာလည်း မဟုတ်တဲ့အတွက်ကြောင့် ခဏခဏလဲပေးဖို့ကို မတွန့်တိုနေပါနဲ့။ မကောင်းတဲ့ Razor တွေကိုဆက်ပြီးတော့သုံးနေတာက ပိုပြီးတော့အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

Shaving လုပ်ပြီးသွားတဲ့အခါမှာလည်း အစိုဓာတ်ထိန်းခရင်မ်ကိုပြန်ပြီးတော့ လိမ်းပေးဖို့လည်းမမေ့ပါနဲ့။ Shaving လုပ်ပြီးသွားတဲ့အချိန်မှာ အသားအရေကခြောက်သွေ့သွားတတ်တာကြောင့် Moisturizer လေးပြန်ပြီးလိမ်းပေးထားမယ်ဆိုရင် အသားအရေကိုနူးညံ့စေမှာပါ။

Photo Source: Pinterest