သင်က ဆံပင်ကောက်ဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ မကောက်ခင် သိထားရမယ့်အချက်တွေရှိပါတယ်။ သိထားသင့်တဲ့အရာတွေကို ကြိုသိထားတာကြောင့် ကောက်ပြီးနောက် ဘယ်လိုလုပ်ရင် ပိုလှမလဲ သိနိုင်ပါလိမ့်မယ်။

၁။ ဆံပင်အမျိုးအစား

ကိုယ့်ဆံပင်အမျိုးအစားနဲ့ တခြားသူနဲ့ မတူနိုင်တာကြောင့် ဆံပင်မကောက်ခင် ကိုယ့်ဆံပင်နဲ့ လိုက်ဖက်တဲ့ Hair Care Product တွေကို ဝယ်ထားသင့်ပါတယ်။ ဆံပင်ကောက်ထားတယ်ဆိုရင် ဆံပင်ကောက်ထားသူတွေနဲ့ သင့်တော်တဲ့ ရှန်ပူ၊ ပျော့ဆေး၊ ပေါင်းဆေးတွေကို ပြောင်းသုံးသင့်ပါတယ်။

၂။ Spray

ကောက်သားအတွက် ရည်ရွယ်ထားတဲ့ Hair Spray ကိုလည်း ဖြန်းသင့်ပါတယ်။ ဆံပင်ကောက်တဲ့ ကိရိယာ ပစ္စည်း ရှိရုံနဲ့ မလုံလောက်ပါဘူး။ ကောက်သား နေရာတကျဖြစ်နေဖို့ Spray ဖြန်းပေးရပါတယ်။ ဆံသား မကောက်ခင် Spray အရင် ဖြန်းရပါတယ်။

၃။ အပူချောင်း

ဆိုင်မှာ ဆံပင် ကောက်ပြီးနောက် အချိန်ကြာလာတဲ့အခါ အကောက်ပြေသွားတတ်ပါတယ်။ ဒီလို အကောက် မရှိတော့တာကို ဆိုင်မှာ ထပ်ကောက်တာ ဒါမှမဟုတ် အိမ်မှာ အပူချောင်း ဆံပင်ကောက်တဲ့အရာရှိထားသင့်ပါတယ်။ အပူချောင်းနဲ့ ဆံပင်ကောက်တဲ့အခါမှာလည်း များများ လေ့ကျင့်ပေးမှ ဆံပင်အကောက် ပုံကျမှာဖြစ်ပါတယ်။

၄။ ဆံပင်သား

ဆံပင် ကောက်ပြီးနောက် အပူနဲ့ထိရတာကြောင့် ဆံပင်သားက ကြမ်းတာမျိုးဖြစ်တတ်ပါတယ်။ ကိုယ်မှန်းထားသလို ပျော့ပျော့လေး အမြဲရဖို့က ဆံပင်ကို ပုံမှန် ထိန်းသိမ်းနေဖို့ လိုအပ်ပါတယ်။ ပုံမှန် ဆံပင် တိပေးတာကလည်း ဆံသားပျက်ဆီးခြင်းကို သက်သာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar