ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာဖို့ဆိုတာက ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်။ ကိုယ်က Negative အတွေးတွေများနေရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက ပျောက်ဆုံးလာမှာပါပဲ။ ကိုယ့်စိတ်ကို အရင်ပြောင်းလဲပြီး ကိုယ်ပတ်ဝန်းကျင်ကိုလည်း ပြောင်းလဲပစ်ဖို့ လိုပါတယ်။ အဓိကကတော့ ဒီအချက်တွေပါပဲ။

မနှိုင်းယှဉ်ပါနဲ့

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိချင်ရင် တခြားသူတွေနဲ့ လိုက်နှိုင်းယှဉ်နေတာမျိုး လုံးဝမလုပ်ပါနဲ့။ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေရင်၊ သိမ်ငယ်စိတ်ဝင်လာရင် ယုံကြည်မှု ပျောက်ဆုံးသွားတာပါပဲ။ တချို့ဆို Depression ဝင်တဲ့အထိတောင် ဖြစ်လာပါတယ်။

Toxic, Negative ဖြစ်စေတဲ့သူတွေကိုရှောင်ပါ

Toxic ဖြစ်စေတဲ့သူတွေ၊ တစ်ခုခုဆို မကောင်းမြင်စိတ်တွေ၊ မကောင်းတဲ့အတွေးတွေများပြီး တစ်ချိန်လုံး Negative ဖြစ်တာတွေပဲ တွေးနေပြောနေတဲ့သူတွေနဲ့ ပတ်သက်မိရင် ကိုယ့်အတွက် ယုံကြည်မှု ပျောက်ဆုံးစေပါတယ်။ ကိုယ့်ကို တစ်ချိန်လုံးကြည့်ပြီး လိုက်ပြောနေတာမျိုး၊ လိုက်ကဲ့ရဲ့ပြီး ဝေဖန်နေတာမျိုးတွေကြောင့် ယုံကြည်မှုပိုပျောက်ရပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ်များပြီး အားပေးတတ်တဲ့သူ၊ စစ်မှန်တဲ့သူ၊ Positive ဖြစ်စေတဲ့သူတွေ အနားမှာပဲနေပါ။

လှအောင်နေပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် အလှအပကလည်း လိုအပ်ပါတယ်။ အလှမပြင်ရင်တောင်မှ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး နေပါ။ အမြဲလှနေရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ပိုတိုးစေပါတယ်။

ကောင်းတဲ့အတွေး၊ ကောင်းတဲ့စကားပြောပါ

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့အတွက် ကိုယ်ပြောတဲ့စကားနဲ့ ကိုယ့်အတွေးတွေကလည်း အမြဲကောင်းတဲ့ဘက်ရောက်နေဖို့ လိုပါတယ်။ တချိန်လုံး မကောင်းတဲ့ဘက်ကနေ အရင်တွေးပြီး ပြောနေရင်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုက တစ်ဖြေးဖြေးနဲ့ လျော့နည်းလာမှာပါပဲ။

စာဖတ်ပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိချင်ရင် အသိပညာ၊ ဗဟုသုတတွေ ပိုကြွယ်ဝအောင် စာဖတ်ပါ။ အကျိုးရှိတဲ့စာအုပ်တွေ များများဖတ်တဲ့အကျင့် လုပ်ကြည့်ပါ။ အတွေးအခေါ်ကအစ ပြောင်းလဲလာပါလိမ့်မယ်။