လူတိုင်းကတော့ ချမ်းသာချင်ကြတာပါပဲ။ ချမ်းသာချင်ရင် ကိုယ်တိုင်ကြိုးစားမှ ဖြစ်မှာပါ။ ကိုယ်တိုင်က အသုံးအဖြုန်းလည်းမလျော့နိုင်၊ ချမ်းသာအောင်လည်း မကြိုးစားပဲ ချမ်းသာချင်တယ်လို့ပဲ ထိုင်အော်နေလို့တော့ တစ်သက်လုံးတိုးတက်ကြီးပွားလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အမှန်တကယ် ချမ်းသာချင်တယ်ဆိုရင် သင်ကိုယ်တိုင် ပြောင်းလဲပစ်ရမယ့် အရေးအကြီးဆုံးအရာက ၆ ခုပဲရှိပါတယ်။

မလိုအပ်တာမဝယ်ပါနဲ့

အဝတ်အစားဆိုလည်း ကိုယ့်မှာရှိတာနဲ့ အဆင်ပြေအောင် ဝတ်ပါ။ ကိုယ့်မှာရှိပြီးသားတွေ မလိုအပ်တာတွေကို လှတာမြင်တိုင်း မဝယ်ချင်ပါနဲ့။ လိုအပ်မှဝယ်တာမျိုးပဲ လုပ်ပါ။

သူများသုံးတိုင်းလိုက်ယှဉ်ပြီးမသုံးချင်ပါနဲ့

သူများနဲ့လိုက်ယှဉ်ပြီး မသုံးချင်ပါနဲ့။ ကိုယ်ကချမ်းသာချင်တယ်၊ ကြီးပွားချင်တယ်ဆိုရင် သူများနဲ့လိုက်မယှဉ်ပါနဲ့။ ကိုယ်တိုးတက်ကြီးပွားဖို့ပဲ ခေါင်းထဲထည့်ထားပြီး ဖြစ်အောင်ကြိုးစားပါ။

ပိုက်ဆံကိုသုံးဖို့ထက်စုဖို့ပဲတွေးပါ

ပိုက်ဆံရှိတာနဲ့၊ ပိုက်ဆံရလာတာထက် နည်းနည်းလေးကအစ သုံးပစ်ဖို့မတွေးပဲ စုဖို့ပဲတွေးပါ။ ဒီလောက်လည်း ဘာမှမဖြစ်ပါဘူး သုံးလိုက်မယ်ဆိုပြီး မလုပ်ပါနဲ့။ နည်းနည်းလေးကနေ အများကြီးဖြစ်သွားပါလိမ့်မယ်။ အရေးတကြီးလိုအပ်တာအတွက် သုံးတာကလွဲပြီး ကျန်တဲ့ပိုက်ဆံကို အမြဲစုပါ။

ဒီထက်ဝင်ငွေပိုများအောင်ဘယ်လိုလုပ်ရမလဲတွေးပါ

ကိုယ့်ဝင်ငွေကို ဒီထက်ပိုများလာအောင် ဘယ်လိုထပ်လုပ်ရမလဲ၊ ဘယ်လိုရင်းနှီးမြုပ်နှံမှုမျိုး လုပ်လို့ရမလဲ စဉ်းစားပြီး ဝင်ငွေပိုတိုးလာအောင် လုပ်ပါ။ တစ်နေရာထဲမှာပဲ ရပ်မနေပါနဲ့။

အပျော်အပါးလျော့ချပါ

အပျော်အပါးတွေများနေသရွေ့ကတော့ ငွေကုန်ပြီး လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ အချိန်တွေကြာသွားပါလိမ့်မယ်။ ဒါကြောင့် အပျော်အပါးတွေကို လျော့ချပစ်ပါ။

လုံးဝအပျင်းမကြီးပါနဲ့

ချမ်းသာချင်တယ်၊ တိုးတက်ကြီးပွားချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် အပျင်းကြီးနေလို့ လုံးဝမရပါဘူး။ အပျင်းကြီးနေရင်တော့ သူများနောက်မှာ ကျန်ခဲ့မှာပါပဲ။ ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်လာဖို့ အရေးအကြီးဆုံးကတော့ အပျင်းမကြီးဖို့ပါပဲ။

Photo Source: www.freepik.com