မင်္ဂလာပါ ပျိုမေတို့ရေ။ အခုနောက်ပိုင်း Waxing ကို ဆိုင်မှာတကူးတကသွားလုပ်တာထက် အချိန်ကုန်၊ ငွေကုန်သက်သာအောင် အိမ်မှာပဲ Wax ဘူးလေးတွေဆောင်ထားပြီး ကိုယ်တိုင်လုပ်လာကြတာ များပါတယ်နော်။ ဒါပေမယ့် ကိုယ်က Professional မဟုတ်တာမို့ သတိမထားမိဘဲမှားလုပ်မိရင် Wax ကတစ်ဆင့် အသားကိုလောင်ပြီး အပူကြောင့် အရေပြားပျက်စီးညိုမဲတာတွေ ဖြစ်တတ်ပါတယ်။

ဒီလိုမျိုး အရေပြားပြဿနာတွေနဲ့ မကြုံရအောင် အိမ်မှာပဲ Waxing လုပ်မယ့်သူတွေ သတိထားလုပ်ရမယ့်အရာတွေ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။

Waxing လုပ်ခါနီးရင်


Waxing လုပ်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်လုပ်မယ့်နေရာကို သန့်သန့်ရှင်းရှင်းနဲ့ ခြောက်သွေ့နေအောင် ထားပေးဖို့ အရေးကြီးပါတယ်။

အမွှေးပေါက်တဲ့လမ်းကြောင်းအတိုင်း လိမ်းပါ


လုံလောက်တဲ့ Wax ပမာဏကို အမွှေးထွက်တဲ့လမ်းကြောင်းအတိုင်း ခပ်ပါးပါးလိမ်းပေးပါ။ လိမ်းတဲ့အခါ Wax လိမ်းတဲ့ သစ်သားတံလေးသုံးပေးပြီး Wax တွေအရမ်းမပူတော့တဲ့အချိန်မှ အရေပြားပေါ်မှာလိမ်းပေးဖို့ အရေးကြီးပါတယ်။

Wax လိမ်းပြီးတဲ့အခါ


Wax လိမ်းပြီးလို့ စက္ကူကပ်တဲ့အခါ ပြန်မခွာခင် အမွှေးတွေအားလုံးပါအောင် အနားတစ်ဝိုက်ကို ဖိပွတ်ပြီး ကပ်ပေးထားဖို့ မမေ့ပါနဲ့။ ခဏထားပြီးနောက် အမွှေးပေါက်နေတဲ့ လမ်းကြောင်းအတိုင်းပဲ ဆွဲခွာလိုက်ပါ။

Wax လုပ်ပြီးတဲ့နောက် အစိုဓာတ်ထိန်း Cream (သို့) Lotion တစ်မျိုးလိမ်းပေးပါ


အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် Body Lotion တစ်မျိုးကို Wax သုံးပြီးတဲ့နောက် သုံးထားတဲ့နေရာတစ်ဝိုက် ပုံမှန်လေးပြန်လိမ်းပေးတာက အသားနာသက်သာသလို နောက်ဆက်တွဲအပူလောင်တာတွေ မဖြစ်ဖို့ပါ ကာကွယ်ပေးရာရောက်ပါတယ်။ တစ်နေရာတည်းကို တစ်လတစ်ကြိမ်ထက်ပို Wax မလုပ်မိအောင်လည်း သတိထားပေးပါ။

Photo Source: healthshot, Pinterest

By MyStyle Myanmar