အားလုံးပဲ မင်္ဂလာပါနော်။ Skincare လုပ်တဲ့အခါ အချို့တွေက သုံးနေကျတံဆိပ်ကိုပဲ စွဲသုံးတဲ့သူတွေရှိသလို ကိုယ်တတ်နိုင်တဲ့ Budget အနည်းအများအပေါ်မူတည်ပြီး ပြောင်းသုံးကြည့်ချင်တဲ့သူတွေလည်း ရှိကြမှာပါ။ ဒီလိုပြောင်းသုံးတာက အခန့်မသင့်ဘဲ ကိုယ့်မျက်နှာနဲ့ အဆင်မပြေတဲ့အခါ အသားအရေတိုက်ရိုက်ထိပြီး ပျက်စီးလာတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုမဖြစ်ရအောင် Skincare အသစ် ပြောင်းသုံးတဲ့အခါ သတိထားပေးသင့်တဲ့ အရာတွေအကြောင်းကို ပြောပြပေးလိုက်ပါတယ်။

တစ်ပြိုင်တည်း တစ်မျိုးထက်ပို ပြောင်းသုံးတာမျိုး ရှောင်ပေးပါ

Skincare ပစ္စည်းအားလုံးကို တစ်ပြိုင်တည်း ပြောင်းသုံးလိုက်တာက အသားအရေမခံနိုင်ဘဲ Sensitive ဖစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့ Cleanser ၊ Moisturizer စတဲ့ ပစ္စည်းတွေထဲက တစ်မျိုးကို အရင်ပြောင်းပြီး စမ်းသုံးတာမျိုး လုပ်ပေးပါ။ Skincare နှစ်မျိုး၊ သုံးမျိုး ပြောင်းသုံးချင်သူတွေအနေနဲ့ ကြားထဲမှာ တစ်ပတ်အနည်းဆုံးအချိန်ပေးပြီးမှ ပြောင်းကြည့်သင့်ပါတယ်။

ပါဝင်ပစ္စည်းတွေကို သေချာရွေးချယ်ပါ

Skincare တစ်ခုခုပြောင်းမသုံးခင်မှာ ကိုယ့် Skin Type နဲ့ မတည့်တဲ့ ပါဝင်ပစ္စည်းတွေရှိမလား သေချာစစ်ဆေးဖို့ အရေးကြီးပါတယ်။ တစ်ချို့ပစ္စည်းတွေမှာ အသားနီမြန်းပြီး ယားယံစေတဲ့ အက်စစ်ဓာတ်နဲ့ ဓာတုပစ္စည်းတွေ ပါနေတတ်တာကြောင့် မသုံးခင်သေချာလေ့လာပြီး အရေပြားဆရာဝန်တွေလို ကျွမ်းကျင်စိတ်ချရတဲ့သူတွေဆီက အကြံဉာဏ်တွေ နားထောင်ကြည့်သင့်ပါတယ်။

အသုံးပြုပုံအညွှန်းအတိုင်း လိုက်နာပါ

Skincare ပြောင်းသုံးတဲ့အခါ ကိုယ်သုံးတဲ့ပမာဏကိုလည်း သတိထားပေးရပါမယ်။ ပမာဏများများသုံးလို့ အသားအရေပိုကောင်းလာမှာမျိုး မဟုတ်တဲ့အတွက် Product အညွှန်းကို သေချာဖတ်ပြီး လိုတဲ့ ပမာဏလောက်ပဲ သုံးပေးသင့်ပါတယ်။ မလိုအပ်ဘဲ အများကြီးလိမ်းလိုက်မိတဲ့အခါ သင့်အရေပြားကို ချွေးပေါက်ပိတ်ပြီး ဝက်ခြံ Breakout တွေဖြစ်စေမှာပါ။

ကိုယ့်အသားအရေနဲ့ အသားကျလာအောင်စောင့်ပါ

Skincare ပစ္စည်းအသစ်တစ်ခုက သုံးပြီးတာနဲ့ ချက်ချင်းအသားအရေကောင်းလာအောင် မလုပ်နိုင်တဲ့အတွက် အလျင်မလိုဘဲ ကိုယ့်အသားအရေနဲ့ အသားကျတဲ့အထိ ဖြေးဖြေးချင်းအချိန်ယူပြီး ထိန်းသိမ်းပေးဖို့လိုပါတယ်။ ၂ပတ်ကနေ ၈ပတ်ကြား အချိန်ပေးပြီး သုံးကြည့်ပါ။ စစသုံးတဲ့အခါ ကိုယ့်အသားအရေတုံ့ပြန်မှုအပေါ်လိုက်ပြီး တစ်ရက်ခြားသုံးကြည့်ပြီးမှ နေ့စဉ်၊ တစ်နေ့တစ်ကြိမ်က နှစ်ကြိမ် စသဖြင့် တိုးသုံးတာမျိုး လုပ်ကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar