အမျိုးသမီးတစ်ယောက်ရဲ့အောင်မြင်မှုမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ပါဝင်ပါတယ်နော်။ ကိုယ့်ကိုယ်ကို ဆန်းစစ်မိတဲ့အချိန်တိုင်းမှာ သင့်ကိုယ်သင် ဘယ်လိုမြင်နေလဲဆိုတာကလည်း အရေးကြီးပါတယ်။ အမှန်တကယ် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေကတော့ သူမကိုယ် သူမတွေးနေမိတဲ့အချိန်တိုင်းမှာ ဒီအရာတွေကို မြင်တတ်ကြပါတယ်။ ဘယ်လိုအရာတွေလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်…

၁။ အားနည်းချက်တွေကို လှပမှုလို့မြင်တယ်

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့အမျိုးသမီးတွေက သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို မြင်ပါတယ်။ ဒီအားနည်းချက်တွေကို ဝန်ခံပြီးချပြဖို့လည်း ဝန်မလေးတတ် ကြပါဘူး။ အရှိကို အရှိအတိုင်းမြင်တတ်ကြပြီး ပိုင်ဆိုင်ထားတဲ့အရာတွေကို လက်ဆောင်တစ်ခုအဖြစ် တွေးတတ်ကြပါတယ်။

၂။ သူတို့ရဲ့ ခွန်အားတွေကိုမြင်တယ်

ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ကြိုးစားမှု နဲ့ အခက်အခဲတွေဖြတ်ကျော်နိုင်ခဲ့တာကို တွေးပြီး ဂုဏ်ယူတတ်ကြပါတယ်။ တခြားလူတွေချီးကျူးတာကိုလိုချင်ပါတယ်။ ဒါပေမဲ့ လူတွေအထင်ကြီးဖို့အတွက်ပဲ လူတွေကျေနပ်ဖို့အတွက်ပဲ အတင်းကြီး မကြိုးစားတတ်ပါဘူး။

၃။ အကြောက်တရားကို လက်ခံတယ်

သူတို့ ကြောက်တဲ့အရာတွေ အားနည်းတဲ့အရာတွေကို လက်ခံပြီး သင်ယူတတ်ကြတယ်။

၄။ သူတို့ရဲ့ရွေးချယ်မှုကို လက်ခံတယ်

သူတို့ ရွေးချယ်လိုက်တဲ့အရာရဲ့ ကောင်းကျိုးရော ဆိုးကျိုးကိုပါ လက်ခံတတ်ကြပါတယ်။ တကယ်လို့ ရွေးချယ်မှုမှားယွင်းခဲ့ရင်တောင် အခြားလူကို အပြစ်မတင်တတ်ပါဘူး။ သူတို့ရဲ့ ပျော်ရွှင်မှုက အခြားလူတွေအပေါ် မှီခိုခြင်းမရှိပါဘူး။ သူတို့ပျော်ရွှင်မှုက သူတို့လက်ထဲမှာရှိတယ်လို့ နားလည်လက်ခံထားသူတွေဖြစ်ပါတယ်။

၅။ ကိုယ့်တန်ဖိုးကို ကိုယ်သိပြီး တန်ဖိုးထားတတ်ကြတယ်

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက ရှင်းလင်းတိကျတဲ့ ရည်မှန်းချက်တွေနဲ့ နေထိုင်ပါတယ်။ ငါလုပ်နိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ နေထိုင်တတ်ကြပါတယ်။

၆။ ကိုယ့်ကိုကိုယ် ဘယ်တော့မှဖိအားမပေးဘူး

လူတိုင်းက အမှားနဲ့မကင်းဘူးဆိုတဲ့အချက်ကို လက်ခံထားကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက သူတို့အရှက်ကွဲခဲ့တဲ့ အရာတွေကို အရှုံးပေး လက်ခံပါတယ်။ မှားခဲ့တဲ့အရာတွေကို ပြုံးပြုံးလေးရင်ဆိုင်ပြီး ဒီအရာတွေကနေ သင်ခန်းစာရအောင် ယူတတ်ကြတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။