မိုးရွာပြီဆိုရင် အပြင်မသွားပဲ အိမ်ထဲမှာပဲနေတာက အကောင်းဆုံးပါပဲ။ အိမ်ထဲမှာနေရတာလည်း ပျင်းတယ်ဆိုတဲ့သူတွေအတွက်ကတော့ မိုးရွာပြီဆိုရင် အပြင်မသွားပဲ အိမ်မှာအကျိုးရှိအောင် ဘာတွေလုပ်လို့ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

စာအုပ်ဖတ်ပါ

မိုးရွာတဲ့အချိန်မှာ မိုးအေးအေးလေးနဲ့ ကော်ဖီလေးသောက်ပြီး စာအုပ်ဖတ်ရတဲ့ Feeling က အရမ်းမိုက်ပါတယ်နော်။ စိတ်အေးချမ်းပြီးပျော်ရွှင်စေတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။

သီချင်းနားထောင်ပါ

မိုးအေးအေးလေးနဲ့ အိပ်ယာထဲမှာ သီချင်းလေးနားထောင်ပြီး ကော်ဖီလေးတစ်ခွက်နဲ့ အနားယူရတာက အရမ်းမိုက်ပါတယ်။ ဒီလိုအချိန်မှာ အဆွေးသီချင်းနားထောင်ပြီးလည်း Feel လို့ အကောင်းဆုံးပဲပေါ့။

ရုပ်ရှင်ကြည့်ပါ

မိုးရွာတဲ့အချိန်တွေမှာဆိုရင် သဲထိတ်ရင်ဖိုဇာတ်ကားတွေကြည့်ရတာ အရမ်းမိုက်ပါတယ်။ မိုးသံနဲ့ အခန်းထဲမှာ တစ်ယောက်ထဲကြည့်တာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ မိသားစုတွေနဲ့ တူတူစုကြည့်ကြတာပဲဖြစ်ဖြစ် အရမ်းပျော်ဖို့ကောင်းပါတယ်။

အိပ်ရေးဝဝအိပ်ပါ

မိုးရွာရင် ဘာမှမလုပ်ချင်တဲ့သူတွေအတွက် အကောင်းဆုံးကတော့ မိုးအေးအေးလေးနဲ့ စောင်ခြုံကွေးပြီး အိပ်တာက အကောင်းဆုံးပါပဲ။ အိပ်ရေးလည်းဝဝအိပ်ရတာပေါ့။

Photo Source: www.freepik.com