စတိုင်ကျဖို့ အဝတ်အစား သာမက တစ်ကိုယ်လုံးစာ လိုအပ်တဲ့ နေရာမှာ လိုအပ်တဲ့ ဖက်ရှင်ပစ္စည်း ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ သင်က တစ်နေရာတည်း ကွက်မိုက်နေတာမျိုး မဟုတ်ဘဲ ယေဘုယျ တစ်ကိုယ်လုံးစာ ကြည့်လို့ကောင်းမှာပါ။ သင်က နဂိုစတိုင်ထက် ပိုမိုက်ချင်တယ်ဆိုရင်တော့ ဒီ ပစ္စည်း (၅) မျိုးကို ပိုင်ဆိုင်ထားသင့်ပါတယ်။

၁။ လက်ဝတ်ရတနာ

ဆွဲကြိုး၊ လက်စွပ်စတဲ့ Jewelry တွေက ဖက်ရှင်စိတ်ဝင်စားတဲ့ ပျိုမေတို့အတွက် မရှိမဖြစ်ပါပဲ။ လက်စွပ်တွေက သင့်စတိုင်ကို ပိုလန်းစေသလို ဆွဲကြိုးတွေက သင့်စတိုင်ကို တမူ ထူးခြားစေပါတယ်။

၂။ နေကာမျက်မှန်

ပျိုမေတိုင်း နေကာမျက်မှန်တစ်လက်ကို အမြဲတမ်းမဝတ်ရင်တောင် မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။ နေကာမျက်မှန်က မိတ်ကပ်မလိမ်းချင်တဲ့ ပျိုမေတို့အတွက်လည်း အထူး သင့်တော်ပါတယ်။ သင်က အလှပုံ ခပ်လန်းလန်း ရိုက်ချင်တယ်ဆိုရင်လည်း နေကာမျက်မှန် ပုံဆန်းဆန်းလေးတွေက သင်နဲ့ အံကိုက် ဖြစ်နေမှာပါ။

၃။ အရောင်ထူးခြားတဲ့ လွယ်အိတ်တွေ

ကျားသစ်ကွက် ဘေးလွယ်အိတ်၊ ပန်းပွင့်ပုံစံ ဘေးလွယ်အိတ်စတာတွေက သင့်စတိုင်ကို ပိုလန်းစေပါတယ်။ သင့်စတိုင်ကို ထင်ဟပ်တဲ့ Bag ပုံစံတွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။

၄။ ဆံပင်စတိုင်အမျိုးမျိုး

ပျိုမေတို့အတွက် ချစ်ဖို့ကောင်းတဲ့ ဆံပင်စတိုင်တွေကို MyStyle မှာ တင်ပေးလေ့ရှိပါတယ်။ သင်က မဖတ်ရသေးဘူးဆိုရင်တော့ Website ထဲ ဝင်ဖတ်နိုင်ပါတယ်နော်။ ဆံပင်အမြင့်စည်းတာ၊ တစ်ဝက်စည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်ပုံစံ အမျိုးမျိုးက အင်္ကျီတစ်ထည်တည်း နှစ်ရက် ဝတ်ရင်တောင် သင့်ကို ပုံစံ ပြောင်းလဲသွားစေမှာပါ။

၅။ အင်္ကျီအပြင်ထပ်

အင်္ကျီတစ်ထပ်တည်း မဟုတ်ဘဲ အပြင်က ဆွယ်တာ၊ အနွေးထည် ပါးပါးလေးတွေ ထပ်ဝတ်သင့်ပါတယ်။ အပြင်ထပ်တွေက သင့်ကို ပိုစတိုင်ကျစေမှာ မလွဲမသွေ ပါပဲ။ စတိုင်ကျခြင်းမှာ အင်္ကျီတစ်ထည်အပြင် Layer တွေက မဖြစ်မနေ လိုအပ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar