ကိုယ့်ဘဝကို ငြီးငွေ့စရာကောင်းတယ်၊ အထီးကျန်တယ်လို့ ခံစားမိတဲ့အခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ရမှာမို့ ဘယ်လိုလုပ်ရင် စိတ်သက်သာရာရပြီး ခံစားနေရတာတွေ လျော့ကျသွားမလဲဆိုတာကို စဉ်းစားပြီး လုပ်သင့်ပါတယ်။

သူငယ်ချင်းတွေနဲ့အပြင်သွားပါ

သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားလိုက်ရင် အထီးကျန်တာတွေကို ကျော်လွှားနိုင်မယ်၊ ငြီးငွေ့ဖွယ်ကောင်းတယ်လို့ ခံစားနေရတာတွေလည်း လျော့ကျသွားပါလိမ့်မယ်။ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက် သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားပါ။

ဝါသနာအသစ်ကိုရှာဖွေပါ

ဝါသနာအသစ်တွေကို ရှာဖွေပြီးလုပ်ကြည့်ပါ။ အသစ်အဆန်းတွေလုပ်ရရင် အဲ့ထဲကို စိတ်ရောက်ပြီး ပျော်တာ၊ စိတ်သက်သာရာရတာ၊ ခံစားနေရတာတွေကို မေ့ပျောက်နေနိုင်ပါတယ်။

စွန့်စားမှုလုပ်ကြည့်ပါ

စွန်းစားမှုခရီးစဉ်တွေ၊ စွန့်စားရတဲ့အလုပ်တွေ စတာတွေကို ဝါသနာပါတယ်၊ စိတ်ဝင်စားတယ်ဆိုရင် လုပ်ကြည့်ပါ။ ငြီးငွေ့ဖွယ်ကောင်းတဲ့အခြေအနေနဲ့ အထီးကျန်ခြင်းတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

အသက်မွေးဝမ်းကြောင်းအသစ်စတင်ပါ

အခုလက်ရှိမှာ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ပတ်သက်ပြီး ဘာမှမရှိသေးဘူးဆိုရင် စတင်လုပ်ဆောင်ကြည့်ပါ။ ကိုယ်ဘာလုပ်ချင်လဲ စဉ်းစားပြီး လုပ်ဆောင်ကြည့်ပါ။ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။

ရယ်စရာ Video တွေကြည့်ပါ

ဘာမှမလုပ်ချင်တဲ့အချိန်မျိုးမှာဆိုရင်တော့ ရယ်စရာ Video တွေကြည့်ပြီးတော့ စိတ်အပန်းဖြေလိုက်ပါ။ ရယ်မောနေရင်းနဲ့ စိတ်ပျော်လာပြီး ငြီးငွေ့ဖွယ်ကောင်းတဲ့အခြေအနေတွေ၊ အထီးကျန်ခြင်းတွေ လျော့ကျသွားပါလိမ့်မယ်။

သူငယ်ချင်းအသစ်တွေမိတ်ဖွဲ့ပါ

ငြီးငွေ့ဖွယ်ကောင်းတဲ့အခြေအနေနဲ့ အထီးကျန်ခြင်းတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် သူငယ်ချင်းများများရှိတာ ကောင်းပါတယ်။ ဒီတော့ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ပြီး ဖော်ဖော်ရွေရွေနေကြည့်ပါ။

ကိုယ့်အတွေးအမြင်တွေကိုမျှဝေနိုင်တဲ့သူနဲ့တွေ့ပါ

ကိုယ့်အတွေးအမြင်တွေကို မျှဝေပြီး ရင်ဖွင့်ရမယ့်သူတစ်ယောက်လောက်သာရှိရင် စိတ်ပင်ပန်းမှုတွေတောင် လျော့ကျနိုင်ပါတယ်။ ခံစားနေရတာတွေ၊ မွန်းကြပ်နေတာတွေ ပြေပျောက်အောင် ကူညီပေးနိုင်ပါတယ်။ အထီးကျန်မှုတွေလည်း လျော့ကျသွားပါလိမ့်မယ်။