သတိမထားမိပဲ ကိုယ်နေ့စဉ်ပြုလုပ်မိနေတဲ့ အရာတွေကြောင့် အသားအရေပျက်စီးတာမျိုးတွေ၊ အရွယ်မတိုင်ခင် Aging ပြဿနာတွေ ကြုံရတာမျိုးတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် Aging တွေဖြစ်ပွားမှုတွေ နှေးကွေးအောင် ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးရင် ကိုယ်တွင်းအဆိပ်အတောက်တွေ လျော့ကျစေပြီး အသားအရေလည်း စိုပြည်စေပါတယ်။ ဒါကြောင့် Aging  တွေ မြန်မြန်ဖြစ်မလာအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းပါ။

Moisturizer သေချာလိမ်းပါ

အသားအရေခြောက်သွေ့ရင် အရေးအကြောင်းတွေ Aging တွေက ဖြစ်လာတာပါပဲ။ ဒါကြောင့် အရေးအကြီးဆုံးက Moisturizer ပါပဲ။ Skincare လိမ်းရင် Moisturizer ကို သေချာလေးလိမ်းပေးပါ။

Sunscreen လိမ်းပါ

Skincare တွေလိမ်းနေရက်နဲ့ Aging တွေဖြစ်လာပြီဆိုရင် Sunscreen ကို သေချာလိမ်းနေရဲ့လားဆိုတာ ပြန်စဉ်းစားပါ။ Sunscreen သေချာမလိမ်းရင် အသားအရေမွဲခြောက်ပြီး အမဲစက်တွေ တင်းတိတ်တွေ ထွက်လာတာမျိုး၊ အရေးအကြောင်းတွေ ပေါ်လာတာမျိုး Smile Lines တွေ ပေါ်လာတာမျိုး စတဲ့ Aging ပြဿနာတွေ အမြန်ဖြစ်လာစေပါတယ်။

Eye Cream လိမ်းပါ

ဆယ်ကျော်သက်အရွယ်ထဲက Eye Cream ကို သေချာလေးလိမ်းပေးမယ်ဆိုရင် ရွယ်တူတွေနဲ့ ယှဉ်လိုက်ရင်တောင် အားလုံးကြားမှာ ပိုနုပျိုနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်တော့ Eye Cream မလိမ်းတဲ့သူက မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာတာမျိုး၊ မျက်ကွင်းညိုပြီး အသားအရေ ခြောက်သွေ့နေတာမျိုးတွေ ဖြစ်တဲ့အတွက် Eye Cream အမြဲလိမ်းပြီး အရေးအကြောင်းတွေမရှိပဲ အသားအရေစိုပြည်နေတဲ့သူနဲ့ ယှဉ်လိုက်ရင် အရမ်းကိုသိသာပါတယ်။

Stress တွေကိုလျှော့ချပါ

Stress များရင် စိတ်ပင်ပန်းပြီး ရုပ်ပါကျစေပါတယ်။ စဉ်းစားရတာတွေများပြီး စိတ်ညစ်စရာတွေများပြီး နဖူးနားတစ်ဝိုက်၊ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာတာမျိုးစတဲ့ Aging ပြဿနာတွေ ဖြစ်လာစေပါတယ်။

Massage လုပ်ပါ

မျက်နှာကို Massage လုပ်ပြီး နှိပ်နယ်ပေးခြင်းကလည်း သွေးလည်ပတ်မှုကောင်းမွန်စေပြီး Collagen Boost လုပ်ပေးနိုင်တာကြောင့် အသားအရေအတွက် အရမ်းကောင်းပါတယ်။ Aging ဖြစ်ပွားမှုကိုလည်း နှေးကွေးစေပါတယ်။