လူတော်တော်များများက ပျော်ရွှင်မှုဆိုတာ လက်ထပ်ခြင်းနဲ့ သားသမီးရတနာတွေ ထွန်းကားခြင်းဖြစ်တယ်လို့ ယူဆထားကြတယ်။ ဒါပေမယ့် ပျော်ရွှင်တဲ့ဘဝတစ်ခု အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ပုံဖော်ပေးတဲ့ အခြားအရာတွေ အများကြီးရှိနေပါသေးတယ်။

(၁) ကိုယ့်ကိုယ်ကိုချစ်ပါ

မိမိဖြစ်တည်နေတဲ့ ဘဝကိုချစ်ပါ။ မိမိကိုယ်ကို ဂရုစိုက်ပါ။ မိမိကိုယ်ကို တန်ဖိုးရှိတဲ့ လက်ဆောင်လို ဆက်ဆံပါ။ မိမိကိုယ်ကို ကြင်နာပါ။ မိမိကိုယ်ကို လေးစားပါ။

(၂) သူငယ်ချင်းကောင်း

သူငယ်ချင်းကောင်းဆိုတာ အချစ်စစ်လိုပဲ ရှားပါးကြပါတယ်။ သူငယ်ချင်းကောင်းဆိုတာ သင့်ကိုသင်ယုံကြည်တာထက် ပိုပြီးယုံကြည်ရတဲ့သူမျိုးကို ဆိုလိုတာပါ။ သင့်ကိုအမှန်တကယ်နားလည်တဲ့သူ၊ ခံစားချက်တွေ မျှဝေနိုင်တဲ့သူ၊ ရီလည်းအတူ၊ ငိုလည်းအတူ ဒီလိုလူမျိုးတွေကို သူငယ်ချင်းကောင်းလို့ ခေါ်တာပါ။ အရေးကြီးဆုံး အချက်ကတော့ သင်ဟာ သူတို့အပေါ် ယုံကြည်စိတ်ချလို့ရတယ်။ ဒီလိုလူမျိုးကို တွေ့ပြီဆိုတာနဲ့ ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့။

(၃) ကျန်းမာရေး

လူတစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ကျန်းမာရေးဟာ အရေးကြီးဆုံးလို့ပြောရပါမယ်။ လူက ကျန်းမာနေမှ တခြားအရာတွေကို ဆက်လက်အကောင်အထည် ဖော်နိုင်မှာပါ။ ပိုက်ဆံဘယ်လောက်ပဲ ရှိရှိ မကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့သူဟာ ပျော်ရွှင်မှုကို ခံစားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျန်းမာရေးကို နံပတ်တစ် ဦးစားပေးနေရာမှာထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

(၄) ဝါသနာ

စိတ်ဝင်စားမှု (သို့) ဝါသနာတွေဟာ မိမိရဲ့အရည်အချင်းကို တိုးတက်မြင့်မားလာစေပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ ဝါသနာတွေအပေါ် အချိန်ပေးပါ။ ဒါတွေက သင့်ကို ပျော်ရွှင်မှုပေးနိုင်သလို ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာစေပါတယ်။ အသစ်တခုခုကို စတင်လုပ်ဆောင်ဖို့ မကြောက်ပါနဲ့။

Grandma Moses ဆိုတဲ့နာမည်ကျော် ပန်းချီဆရာမဟာ အသက် (၇၆) နှစ်အရွယ်ရောက်မှာ ပန်းချီစဆွဲခဲ့တာပါ။ နှစ်အနည်းငယ် အကြာမှာပဲ သူမရဲ့ ပန်းချီကားဟာ ဒေါ်လာသန်းပေါင်းများစွာနဲ့ ရောင်းထွက်ခဲ့ပါတယ်။ ကိုယ်ဝါတနာ ပါရာတခုခုကို လုပ်ဖို့ နောက်ကျတယ်ဆိုတာ မရှိဘူးဆိုတာကို ပြောချင်တာပါ။