အမြဲတမ်း ဆံပင်ငြိပြီးရှုပ်ထွေးတာတွေက ဆံသားနဲ့ဦးရေပြားနာပြီး ဆံပင်လည်း ကျွတ်စေပါတယ်။ ကြာလာရင် ဆံပင်ပါးတာ၊ ကွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်း ဆံပင်ငြိပြီး ရှုပ်ထွေးလွယ်တဲ့သူတွေ သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်ကိုညှင်သာစွာဖြီးပါ

ဆံပင်ငြိပြီးရှုပ်နေရင် စိတ်တိုတာသဘာဝပါပဲ။ ဒါပေမယ့်လည်း ကိုယ်ဆံသားမနာအောင် စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်းစီ ညှင်သာစွာ ဖြီးရမှာပါပဲ။ ဆံပင်ကို ခွဲပြီးဖြီးတာမျိုး၊ အောက်ဖျားကနေ ဖြေးဖြေးချင်းစီ ရှင်းသွားတာမျိုး လုပ်ပေးပါ။

ဆံပင်ကိုညှင်သာစွာအခြောက်ခံပါ

ခေါင်းလျှော်ပြီးရင် ဆံပင်ကို Towel နဲ့ ရှုပ်ထွေးသွားအောင် သုတ်ပစ်တာမျိုး မလုပ်ပါနဲ့။ ဆံပင်တွေပိုရှုပ်ထွေးပြီး ရှင်းရခက်သွားပါလိမ့်မယ်။

Hair Conditioner or Hair Mask သုံးပါ

ဆံပင်ငြိပြီးရှုပ်ထွေးလွယ်တဲ့သူတွေက Hair Conditioner or Hair Mask မသုံးလို့မရပါဘူး။ ဆံပင်ငြိပြီးရှုပ်ထွေးတာ သက်သာချင်တယ်၊ ဆံသားပျော့ပျောင်းပြီး ရှင်းရလွယ်ကူချင်တယ်ဆိုရင် သုံးကိုသုံးပေးသင့်ပါတယ်။

ဆံပင်ရေစိုနေချိန်ခေါင်းမဖြီးပါနဲ့

အစထဲက ဆံပင်ငြိပြီးရှုပ်ထွေးလွယ်တာကို ဆံပင်ရေစိုနေတဲ့အချိန် ခေါင်းဖြီးချလိုက်ရင် ဆံပင်တွေ အထွေးလိုက်ကျွတ်လာပါလိမ့်မယ်။ ဆံသားနဲ့ဦးရေပြားလည်း အရမ်းနာပါတယ်။ ဒါကြောင့် ဆံပင်ရေစိုနေချိန်မှာ လုံးဝခေါင်းမဖြီးပါနဲ့။

Hair Oil အမြဲသုံးပါ

ဆံပင်ငြိပြီးရှုပ်ထွေးလွယ်တဲ့သူတွေ နောက်ထပ် မဖြစ်မနေသုံးရမှာကတော့ Hair Oil ပါပဲ။ ဆံသားခြောက်သွေ့ပြီး အဆီဓာတ်မရှိရင် ဆံပင်ငြိတာ၊ ရှုပ်တာတွေက ပိုဖြစ်လာပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးချိန်မှာ Hair Oil သေချာလိမ်းပါ။ နေ့တိုင်းလည်း ဆံပင်အဖျားတွေကို အဓိကထားပြီး Hair Oil လိမ်းပေးပါ။

Silk Pillowcase ပြောင်းသုံးပါ

Silk Pillowcase က ဆံပင်ငြိတာ သက်သာစေပြီး ဆံသားပျက်တာမျိုးတွေလည်း မဖြစ်စေတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ ဒါကြောင့် ဆံသားငြိပြီး ရှုပ်ထွေးတတ်တဲ့သူတွေဆိုရင် ရိုးရိုး Pillowcase မသုံးပဲ Silk Pillowcase ပြောင်းသုံးသင့်ပါတယ်။