အလှတရားဆိုရာမှာ ရုပ်ဆင်းရူပကာ လှပခြင်းတစ်မျိုးတည်းကိုပဲ ဆိုလို့မရပါဘူး။ ဘယ်လောက်ပဲ ရုပ်လှနေပါစေ၊ သူ့မှာ လူတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ မရှိဘူးဆိုရင် သူ့ရဲ့ အလှတရားဟာ တဖြည်းဖြည်း ပျက်ပြယ်သွားမှာပါပဲ။ သင့်ကိုအမှန်တကယ်လှပစေမယ့် အချက် (၅) ချက်ကို မျှဝေပေးပါမယ်။

၁။ ဦးနှောက်

ဦးနှောက်ကောင်းတဲ့သူ ဉာဏ်ရည်ထက်မြတ်တဲ့သူ တော်တဲ့သူတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့သူတွေပါ။ သူတို့တွေဟာ ခက်ခဲတဲ့အလုပ်တွေလုပ်ရမှာကို မကြောက်ကြသလို သူ့တို့ရဲ့ အရည်အချင်းအပေါ်မှာလည်း အပြည့်အ၀ ယုံကြည်မှုရှိပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားတတ်တဲ့စွမ်းရည်တွေ ပိုင်ဆိုငထားကြပြီး သူတို့လေးတွေကြောင့် ကမ္ဘာကြီး ပိုမိုလှပနေမှာပါ။

၂။ ချစ်မြတ်နိုး၊ ကြင်နာတတ်တဲ့သဘောရှိခြင်း။

တခြားသူတွေကို ဂရုစိုက်တတ်ခြင်း၊ မေတ္တာထားတတ်ခြင်း၊ သနားတတ်ခြင်း၊ ရက်ရောတတ်ခြင်း၊ ပျော်ရွှင်တတ်ခြင်း၊ ကြင်နာတတ်ခြင်း စတဲ့သဘောတရားတွေရှိကြပါတယ်။ အခုလို စိတ်နေသဘောထား ဖြူစင်ပြီး လူတွေအပေါ် မေတ္တာထားတတ်တာလောက် လှပတဲ့အရာရှိပါဦးမလား။

၃။ ယုံကြည်မှု။

ယုံကြည်မှုအပြည့်ရှိခြင်းက ကမ္ဘာပေါ်မှာ ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်ပေးနိုင်တဲ့သူတွေပါ။ သူ့တို့ရဲ့အသားအရောင် ရုပ်ရည်ရူပကာ ဘယ်လိုပင်ရှိနေပါစေ ယုံကြည်မှုအပြည့်ရှိတဲ့သူတွေ စွန့်စားတတ်တဲ့သူတွေလောက် ကမ္ဘာကြီးကိုလှပစေတာ ဘယ်အရာတွေရှိဦးမှာလဲ။

၄။ အရည်အချင်း

လူတစ်ယောက်ရုပ်ရည်လှပတာထက် သူ့မှာရှိတဲ့အရည်အချင်းတွေကြောင့် သူ့ကို ပိုပြီး လူတွေလေးစား ချစ်ခင်သွားစေတာပါ။ ဒီအရည်အချင်းတွေနဲ့ ကမ္ဘာကြီးကို အကောင်းဖက်က ပြုပြင်ပြောင်းလဲလို့ရပါတယ်။

၅။ သစ္စာတရား

သစ္စာတရားဟာ စစ်မှန်တဲ့ အလှတရားတစ်ခုပါပဲ။ သစ္စာရှိတဲ့သူတွေဟာ စစ်မှန်တဲ့အလှတရားကို ပိုင်ဆိုငထားတဲ့သူတွေပါပဲ။ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဘယ်လို အခြေအနေရှိနေပါစေ သူ့ဖက်က ရပ်တည်ပေးတယ်။ စိတ်ဖိစီးတဲ့အခါမှာလည်း သင့်ကို အားပေးတတ်တဲ့သူတွေလောက် လှပတာ ဘယ်မှာရှာလို့ရဦးမှာလဲရှင်။

စာဖတ်သူတို့အားလုံး စစ်မှန်တဲ့အလှတရားကို ရှာတွေ့နိုင်ဖို့ ရည်ရွယ်လျက် မျှဝေလိုက်ပါတယ်။