ခြေကုန်လက်ပန်းကျပြီး ဘာကိုမှ မလုပ်ချင် မကိုင်ချင် ဖြစ်တာကို Burn Out လို့ သုံးနှုန်းကြပါတယ်။ ၂၀၁၈ ခုနှစ်က လုပ်ခဲ့တဲ့ Gallup စစ်တမ်းအရ အချိန်ပြည့်ဝန်ထမ်းတွေရဲ့ ၂၃% ဟာ အလုပ်ခွင်စိတ်ဖိစီးမှုကြောင့် Burn Out ဖြစ်ပ်ြီး လုပ်ချင်ကိုင်ချင်စိတ် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
Burn Out ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပေမယ့် ရုပ်ခန္ဓာကိုယ်ပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ တကယ်လို့ သင့်မှာ Burn Out ပြဿနာ ဖြစ်လာရင် သင့်ခန္ဓာကိုယ်ပေါ်မှာ ဒီလိုလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
(၁) မောပန်းလွယ်မယ်
Photo : Freepik
သေချာတဲ့အချက်က ဘာမှမလုပ်ချင်တော့ဘူး။ အာရုံလည်း စိုက်မရတော့။ ပင်ပန်းနွမ်းနယ်တာကိုပဲ ထပ်တလဲလဲခံစားနေရမှာပါ။
(၂) မျက်စိကြောင်နေမယ်
Photo : Freepik
Burn Out ဖြစ်တဲ့သူတိုင်း အိပ်မပျော်တဲ့ ပြဿနာရှိတတ်ပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေနဲ့ နေခဲ့တာ ဖြစ်တာကြောင့် အာရုံတွေ ရှုပ်ထွေးတင်းမာပြီး ညဆို တလူးလူး တလှိမ့်လှိမ့်နဲ့ အိပ်မရဖြစ်နိုင်ပါတယ်။
(၃) စိတ်ဓါတ်ကျမယ်
Photo : Freepik
စိတ်တွေ ရှုပ်ထွေးပြီး လေလွင့်နေမယ်။ စိတ်ထဲမှာ မကျေနပ်စိတ်တွေနဲ့ ပျံ့လွင့်ပြီး ဆောက်တည်ရာမရ ဖြစ်နိုင်ပါတယ်။ ကြွက်သားတွေ အားနည်းပြီး မလှုပ်ချင်မကိုင်ချင်လည်း ဖြစ်နိုင်ပါတယ်။
(၄) မကြာခဏ ဖျားနာတတ်တယ်
Photo : Freepik
Burn Out ဖြစ်ပြီး ခြေကုန်လက်ပန်းကျသွားတဲ့အခါ ကိုယ်ခံအားနည်းပြီး မကြာခဏဆိုသလို အအေးမိဖျားနာတာမျိုး ဖြစ်နိုင်ပါတယ်။ ခေါင်းလည်း ခဏခဏ ကိုက်တတ်ပြီး အစာမကြေတာ ၊ ဝမ်းပျက်တာနဲ့ ဗိုက်အောင့်တာလည်း ဖြစ်နိုင်ပါတယ်။
ရေရှည်မှာ စိတ်ပင်ပန်းမှုကြောင့် နှလုံးထိခိုက်ခြင်း လေဖြတ်ခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘာမှ အာရုံစိုက်မရဘဲ Burn Out ဖြစ်သွားရင် အလုပ်က ခွင့်ယူပြီး ခရီးထွက်ပါ။ အနားယူပါ။ စိတ်တည်ငြိမ်အေးချမ်းဖို့ အလေ့အကျင့်လုပ်ပါလို့ အကြံပြုချင်ပါတယ်။