ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းက ဘယ်လောက်အကျိုးများသလဲဆိုတာ အားလုံးပဲ သိပြီးသား ဖြစ်မှာပါ။ အခုပြောမှာက တစ်ရက်ကို ခြေလှမ်း ၁၀၀၀၀ လျှောက်မယ်ဆိုရင် ရမယ့် အကျိုးကျေးဇူးတွေအကြောင်း ဖြစ်ပါတယ်။

(၁) နှလုံးကျန်းမာရေး အားပေးတယ်

Photo: Shutterstock

ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်းဟာ ကြွက်သားတွေထဲကို အောက်ဆီဂျင်ပို့ဆောင်မှုပမာဏ မြင့်တက်စေပါတယ်။ အဆုတ်အားကောင်းတယ်။ နေ့စဉ်နေ့စဉ် လှုပ်ရှားပေးခြင်းဟာ အဆုတ်ကို ကြံ့ခိုင်စေပြီးအဆုတ်ဘေးတစ်ဝိုက်က ကြွက်သားတွေ သန်မာစေပါတယ်။ တစ်ချိန်တည်းမှာပဲ သွေးဖိအားလည်း ကျဆင်းစေပြီး သွေးကြောတွေ သွေးစီးဆင်းရခက်ခဲတာတွေ သက်သာစေနိုင်ပါတယ်။

(၂) အကြောအချဉ်ပျော့ပြောင်းစေတယ်

Photo: Shutterstock

လှုပ်လှုပ်ရှားရှားနေတဲ့သူဟာ အသက်ကြီးလို့ ဖြစ်တဲ့ အကြောအချဉ်တောင့်တင်း ညောင်းညာနေတာတွေ အဖြစ်နည်းပါတယ်။ လမ်းလျှောက်ခြင်းဟာ လူကို သွက်လက်ပေါ့ပါးစေနိုင်ပါတယ်။ ခါးကိုင်းတာတွေ ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာတွေလည်း သက်သာစေပါတယ်။

(၃) အာရုံစူးစိုက်မှု မြင့်တက်စေတယ်

 

Photo: Shutterstock

တစ်နေ့ခြေလှမ်းပေါင်း ၁၀၀၀၀ လျှောက်လှမ်းပေးခြင်းဟာ Endorphins ဟော်မုန်းတွေ ပိုထုတ်ပေးနိုင်ပြီး ဦးနှောက်အတွင်း သွေးစီးဆင်းမှု တိုးစေပါတယ်။ လမ်းလျှောက်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှု ကျဆင်းစေပြီး သောကနည်းစေပါတယ်။ ဖန်တီးမှုအားကောင်းလာပြီး စူးစိုက်မှု မြင့်မားလာနိုင်ပါတယ်။

(၄) အရိုးတွေ ကြံ့ခိုင်တယ်

Photo: Shutterstock

လှုပ်ရှားလေလေ အရိုးအဆစ်တွေ ကြံ့ခိုင် သန်မာလေလေပါပဲ။ လမ်းလျှောက်ပေးခြင်းဟာ အရိုးသိပ်သည်းဆ ပိုမြင့်စေပြီး လူကို ပိုလို့ ကြံ့ခိုင်ကျန်းမာစေမှာပါ။