စုံတွဲရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ်ချစ်ရတဲ့ သူအကြောင်း အကုန်နီးပါးသိချင်တာက ထုံးစံပါပဲ။ ဒါပေမဲ့ သိသင့်သိထိုက်တာတွေထက် ပိုပြီးမသိချင်ဖို့ ဒါမှမဟုတ် မမေးမိဖို့တော့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် Relationship တစ်ခုမှာ အဖုအထစ်တွေ ရှိလာနိုင်ပါတယ်။ ဒီနေ့မှာတော့ ချစ်သူမိန်းကလေးတွေ ကောင်လေးတွေကို မပြောပြချင်တဲ့ အကြောင်းအရာတချို့ကို အလင်းပြပေးလိုက်ပါတယ်။

တစ်ခါတစ်လေ မိသားစုအခြေအနေ မိသားစုတစ်စုရဲ့ အနေအထားနဲ့ ဆက်ဆံပုံအနေအထားတွေက ရှုပ်ထွေးတတ်ကြပါတယ်။ ထိလွယ်ရှလွယ်တဲ့ ခံစားချက်တွေ ဖြစ်လာတတ်စေတဲ့ အဓိက ခလုတ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

သင်က သင့်မိသားစုနဲ့ သင့်ပါတနာနဲ့ ရင်းနှီးခင်မင်စေချင်လို့ အားလပ်ရက်ခရီး တူတူထွက်စေချင်တာမျိုး အတူတူ အချိန်ကုန်ဆုံးစေတာမျိုးတွေက တစ်ခါတစ်ရံ သင့်ပါတနာအတွက် အနေရကြပ်စေပါတယ်။ မိသားစုတွေနဲ့ အတူရှိနေခြင်းက နှယောက်သား ပိုဝေးသွားစေသလိုလည်း တစ်ခါတစ်လေ ခံစားမိစေတတ်ပါတယ်။

ဒါကြောင့် သင်အနေနဲ့ ဘယ်လိုအရာတွေက သင့်ပါတနာကို စိတ်ကသိကအောက်ဖြစ်စေလဲ မေးမြန်းသင့်ပါတယ်။ အဲ့အချိန်ကြရင် သူတို့အတွက်လည်း စိတ်သက်သာရာရသလို သူတို့ ကိုယ်ပိုင်အတွေးနဲ့ သူတို့ခံစားချက်တစ်ချို့ကို ပြောပြဖို့ အဆင်မပြေဘူးဆို သင့်အနေနဲ့ နားလည်ပေးဖို့လိုပါတယ်။

အကယ်၍ သင်တို့ချစ်သူနှစ်ယောက် ချစ်သူဖြစ်နေတဲ့ အတောအတွင်း သင်တို့နှစ်ယောက်တူတူနေတာပဲဖြစ်ဖြစ် အသုံးစရိတ်တူတူကျခံတာဖြစ်ဖြစ် တခြားငွေကြေးနဲ့သက်ဆိုင်တဲ့ရည်မှန်းချက်တွေ သင်တို့နှစ်ယောက်ကြား ရှိနေမယ်ဆိုရင် သင်တို့အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် တစ်နေ့တာ အသုံးစရိတ်တွေ သိကောင်းသိပါလိမ့်မယ်။ အဲ့လိုမဟုတ်ရင် သိဖို့မလိုအပ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

သင့်အနေနဲ့ သင်တစ်နေ့တစ်နေ့ ဘာဝယ်တယ် ဘာစားတယ် ဘယ်လိုပိုက်ဆံသုံးခဲ့တယ်ဆိုတဲ့ အကြောင်းအသေးစိတ်ကို သင့်ပါတနာကို ပြောပြချင်မယ်မထင်ပါဘူး။ လိုလည်းမလိုအပ်ပါဘူး။ အကယ်၍ နှစ်ယောက်တူတူ နေထိုင်နေတဲ့အချိန်မှာ သူ့အသုံးစရိတ်နဲ့ ပတ်သတ်လို့ သင်စိတ်မချတာ ရှိခဲ့မယ်ဆိုရင် သင့်ပါတနာလည်း စိတ်အနှောက်အယှက်မဖြစ်အောင် တိုင်တိုင်ပင်ပင်နဲ့ ဆွေးနွေး ဆန်းစစ်သင့်ပါတယ်။

သင်နဲ့ သင့်ပါတနာ တူတူရှိနေတဲ့အချိန်တွေမှာဆိုရင် များသောအားဖြင့် သင်တို့စကားဝိုင်းဟာ သင်တို့နှစ်ယောက်ရဲ့တစ်နေ့တာဖြစ်ရပ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့အကြောင်းတွေ ပြီးတော့ နှစ်ကိုယ်တူ ဆွေးနွေးတိုင်ပင်ကြတာတွေနဲ့ပဲ ပြီးနေကြတာပါပဲ။

တကယ်တော့ လူတစ်ဦးစီတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင် အတွေးတွေနေရာချဖို့ တွေးတောဖို့ စဉ်းစားဖို့ ကိုယ်ပိုင်အချိန်ဆိုတာ ကျန်းမာရေးအရကို လိုအပ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ပါတနာ ဘာတွေးစဉ်းစားနေမလဲ တွေးတောနေမလဲဆိုတာကို အချိန်ပြည့်လိုက်တွေးနေဖို့ တကယ်မလိုအပ်ပါဘူး။

အပေါ်က အချက်လေးတွေကတော့ ချစ်သူမိန်းကလေးတယောက်အနေနဲ့ သူတို့ရဲ့ကောင်လေးတွေကို မသိစေချင်တဲ့အရာတွေပါ။