တစ်ခါတလေ ကိုယ်တိုင်မသိလိုက်ဘဲ ကိုယ့်အပြုအမူတွေကြောင့် ကိုယ်ချစ်ရတဲ့ကောင်လေးက ကိုယ့်အပေါ် အရူးအမူး ဖြစ်သွားတာတွေရှိပါတယ်။ သင်ကော ဒီအပြုအမူတွေကို ပြုလုပ်တတ်လား ကြည့်လိုက်ရအောင်နော်-

၁။ ယောကျာ်းလေးတစ်ယောက်ကို ရေမွှေးနံ့ မွှေးတယ်လို့ ချီးကျူးပေးတာ။

၂။ နောက်ကနေ ချစ်ရသူကောင်လေးကို ဖက်လိုက်တာ။

၃။ ကောင်လေးတစ်ယောက်ကို မြတ်မြတ်နိုးနိုး ပွေ့ဖက်တာ။

၄။ ကိုယ့်သူငယ်ချင်းတွေရဲ့ ရှေ့မှာ ကိုယ့်ချစ်သူကောင်လေးကို ဂုဏ်ယူစွာ ပြသတာ။

၅။ သူ့ပခုံးပေါ်မှာ ငိုတာ။

၆။ သူ့ကို ချစ်တယ်လို့ နေ့တိုင်းပြောတာ။

၇။ ချစ်သူကောင်လေးရဲ့ အဝတ်အစားတွေကို ဝတ်တာ။

၈။ ကိုယ့်သူငယ်ချင်းတွေထက် ချစ်သူကောင်လေးကို ဂရုစိုက်တာ

၉။ မနက်နိုးတာနဲ့ သူ့ကို “ထတော့ ကို/ မောင်” ဆိုပြီး Message ပို့တာ။

၁၀။ သူ့ကို ချွဲတာ။

ဒီအပြုအမူ (၁၀) ခု မှာ ဘယ်နှစ်ခုကို လုပ်ဖူးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar