Skincare လိမ်းမှ အသားအရေကောင်းမှာ မဟုတ်ပါဘူး။ တခြားသောနည်းတွေနဲ့လည်း အသားအရေပိုကောင်းလာအောင် လုပ်နိုင်ပါတယ်။ Skincare လိမ်းတာလောက်တော့ ထိရောက်မှုက မမြန်ဆန်ပေမယ့် ပုံမှန်လုပ်သွားရင် Skin က ပုံမှန်ထက်တော့ ပိုကောင်းနေမှာပါ။ ဒီအရာတွေကတော့ အသားအရေ ပိုကောင်းလာအောင် ကူညီပေးနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အသားအရေကောင်းဖို့အတွက် အရေးအကြီးဆုံးအရာက အိပ်ရေးဝနေဖို့ပါပဲ။ အိပ်ရေးပျက်ရင် မျက်ကွင်းညိုပြီး မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာမယ်၊ ဝက်ခြံတွေထွက်လာပါမယ်။ Skincare တွေဘယ်လောက်လုပ်လုပ် အိပ်ရေးပျက်နေရင် Skin Problem တွေကတော့ ဖြစ်နေအုန်းမှာပါပဲ။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။

ရေများများသောက်ပါ

ရေများများသောက်ပေးခြင်းက အသားအရေစိုပြည်လှပစေပါတယ်။ ရေသောက်နည်းရင် အသားအရေမွဲခြောက်ပြီး နှုတ်ခမ်းခြောက်သွေ့ အက်ကွဲတာတွေပါ ဖြစ်စေပါတယ်။ ဒါကြောင့် ပိုက်ဆံမကုန်ပဲ အသားအရေ စိုပြည်ပြီး ကြည်လင်လာစေဖို့အတွက် ရေများများသောက်ပေးပါ။

အသီးအရွက်၊ အသီးအနှံများများစားပါ

နေ့တိုင်း အသီးအရွက်၊ အသီးအနှံတွေကို စားပေးပါ။ အစိမ်းစားလိုက်၊ ကြော်စားလိုက်၊ ဖျော်ရည်လုပ်သောက်လိုက်နဲ့ သုံးဆောင်နိုင်ပါတယ်။ အသီးအရွက်၊ အသီးအနှံ များများစားပေးခြင်းက အသားအရေကြည်လင်ပြီး လှပလာစေပါတယ်။

ဝမ်းမချုပ်ပါစေနဲ့

ဝမ်းချုပ်ရင် အသားအရေညစ်ပြီး ဖုတွေထွက်လာစေပါတယ်။ ဒါကြောင့် အသားအရေလှဖို့အတွက်၊ အသားအရေကောင်းဖို့အတွက် ဝမ်းမချုပ်ဖို့ကလည်း အရေးကြီးပါသေးတယ်။

နေပူထဲကိုအကာအကွယ်မပါပဲမသွားပါနဲ့

အပေါ်ကအချက်တွေတော့ လုပ်နေပါရက်နဲ့ နေပူထဲကို အကာအကွယ်မပါပဲ လျှောက်သွားနေမယ်ဆိုရင်တော့ အသားမဲတာ နေလောင်တာတွေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် နေပူထဲသွားမယ်ဆိုရင် လက်ရှည်အပါး (သို့) ထီး၊ ဦးထုပ် သေချာဆောင်းပြီးမှသာသွားပါ။