ဆောင်းတွင်းလတွေမှာဆိုရင် အသားအရေခြောက်တဲ့ ပြဿနာတစ်ခုသာမဟုတ်ဘဲ ဆံပင်မှာလည်း ပြဿနာတွေလာဖြစ်တတ်ပါတယ်။ ဆံပင်အချောင်းတွေက ကြည့်ရအဆင်မပြေလာတာ၊ ဆံပင်ထိပ်ဖျားတွေနှစ်ခုဖြစ်လာတာ စတဲ့ပြဿနာတွေက နွေရာသီမှာသာမဟုတ်ဘဲ ဆောင်းတွင်းမှာလည်းဖြစ်တတ်တာမို့ ပြဿနာအလိုက် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဆံသားခြောက်သွေ့ခြင်း

ရာသီဥတုအေးလာတာနဲ့အမျှ လေထုကလည်းခြောက်သွေ့လာပြီး စိုစွတ်မှုနည်းပါးလာပါတယ်။ သဘာဝအတိုင်းထွက်လာတဲ့အဆီက ဦးရေပြားနဲ့ဆံပင်တို့အကြား အကာအကွယ်အလွှာတစ်ခုကို ဖြစ်စေလို့ နေ့တိုင်းခေါင်းမလျှော်ပါနဲ့။ ခေါင်းမလျှော်ရသေးတဲ့ရက် အပြင်သွားဖို့ရှိတယ်ဆိုရင် Dry Shampoo ကိုသုံးပါ။

ဆံပင်အရောင်တွေမွဲခြောက်ခြင်း

ရာသီဥတုအေးနေတဲ့အချိန်မှာလည်း ဆံသားကိုကျန်းမာနေစေဖို့ အပူချောင်းကိရိယာတွေကို မသုံးမိအောင်ရှောင်ရှားပြီး ဆံပင်လေမှုတ်စက်ကိုလည်း မကြာခဏမသုံးပါနဲ့။ လေမှုတ်စက်အစား ဆံပင်သဘာဝအတိုင်းခြောက်အောင်ထားပါ။

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း

ဆောင်းရာသီမှာ ဆံပင်အဖျားနှစ်ခွမဖြစ်ရလေအောင် ၆ ပတ်တစ်ကြိမ် အဖျားတိပေးပါ။ နောက်ပြီး ဘီးစိတ်အစား ဘီးကျဲပြောင်းသုံးဖို့လိုအပ်ပြီး ဓာတုဆေးဝါးအပြင်းစားတွေမပါတဲ့ ခေါင်းလျှော်ရည်ပျော့ပျော့လေးတွေ သုံးပေးကာ အဖျားနှစ်ခွဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်တာက တစ်နှစ်ပတ်လုံးကြုံတွေ့နေရတဲ့ ပြဿနာဆိုပေမယ့်လည်း သေချာကြည့်မယ်ဆိုပါက နွေရာသီထက် ဆောင်းရာသီမှာ ဆံပင်ပိုကျွတ်တာကို သတိထားမိပါလိမ့်မယ်။ လေးညှင့်မှုန့်ကို သစ်ကြံပိုးခေါက်မှုန့်၊ အစိမ်းမှုန့်၊ အဆီထုတ်အုန်းဆီနွေးနွေးလေးတို့ကို ပေါင်းစပ်ကာ ဆံသားမှာလိမ်းပြီး တစ်ညထားပါ။

ဗောက်အရမ်းထခြင်း

ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတဲ့ ဗောက်တွေကို လျော့ချဖို့အတွက် ဗောက်ပျောက်ခေါင်းလျှော်ရည်ကို သုံးပေးနိုင်သလို Tea Tree Oil ကို အသုံးပြုပြီးတော့လည်း သဘာဝအတိုင်း စမ်းကြည့်နိုင်ပါတယ်။ Tea Tree Oil က ဗောက်ပြဿနာကို ၄၁ ရာခိုင်နှုန်း လျော့ကျစေရုံသာမက ဦးရေပြားအဆီပြန်ယားယံခြင်းတို့ကို သက်သာစေပါတယ်။

Source: BrightSide

By MyStyle Myanmar