ကိုယ့်ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး သူ့နေရာနဲ့သူချပ်ချပ်ကပ်ကပ်ရှိတဲ့ ဘရာကိုရှာဝယ်ဖူးတဲ့ အမျိုးသမီးတိုင်း ဘရာအမျိုးအစားတွေ ဈေးကွက်ထဲမှာ ဘယ်လောက်များလှသလဲဆိုတာကို သဘောပေါက်ကြမှာပါ။

ဒီလောက်ရွေးချယ်မှုတွေ အများကြီးရှိတဲ့အထဲကမှ အမျိုးသမီးအများစုဟာ ဘရာမှန်မှန်ကန်ကန် မဝယ်ဝတ်ကြသေးပါဘူး။ ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်တဲ့ ဘရာဝယ်ဝတ်တာက အရေးပါလှတယ်လို့ မထင်ရပေမယ့်လည်း သေးလွန်း၊ ကြီးလွန်းတဲ့ဘရာတွေက အမြဲတမ်းနီးနီး ဝတ်မယ်ဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

ဒါဆိုရင်တော့ ဒီနေ့ရဲ့ MyStyle Myanmar ဆောင်းပါးကနေပြီး ကွက်တိဖြစ်တဲ့ဘရာ မဝတ်ဆင်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ကျန်းမာရေးကို ဘယ်လိုမျိုးတွေသက်ရောက်လာစေမလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

၁။ နောက်ကျော၊ ဇက်နဲ့ ရင်သားတွေ နာကျင်လာခြင်း

ကိုယ့်ခန္ဓာကိုယ်နဲ့မတော်တဲ့ ဆိုဒ်လွဲမှားပြီးဘရာတွေဝတ်ဆင်ခြင်းကနေ ရင်သားမှာသာမက နောက်ကျောနဲ့ ဇက်တွေမှာပါ နာကျင်မှုတွေခံစားလာရနိုင်ပါတယ်။ ဆိုဒ်ကြီးဘရာတွေက ရင်သားကိုပင့်မမှုကောင်းကောင်းမပေးနိုင်သလို တအားဆိုဒ်သေးသွားပြန်ရင်လည်း ဘရာကြိုးတင်းလွန်းပြီး ခန္ဓာကိုယ်ဟန်ချက်မညီတာတွေကို ဖြစ်လာစေနိုင်ပါတယ်။

၂။ ခေါင်းကိုက်ခြင်း

ဘရာက အံဝင်ခွင်ကျမဖြစ်ဘူးဆိုရင် ရင်သားအလေးချိန်က ဘရာကြိုးနှစ်ဖက်ကို ဆွဲဆန့်လိုက်ပြီး ပခုံးအပေါ် အပိုဖိအားတွေသက်ရောက်စေရာကနေ ဇက်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းတွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုဒ်မှန်တဲ့ဘရာကိုဝတ်ခြင်းအားဖြင့် ခေါင်းကိုက်တာကို သက်သာစေမှာပါ။

၃။ ပခုံးအနေအထားမမှန်ခြင်း

ဆိုဒ်မတော်တဲ့ ဘရာဝတ်မိမယ်လို့ ဘရာက ရင်သားကို ကောင်းကောင်းမပင့်မနိုင်တော့ဘူးဆိုရင် ဒီအပိုအလေးချိန်က အမျိုးသမီးတွေရဲ့ ပခုံးအပေါ်နစ်ဝင်သွားပါလိမ့်မယ်။ ဆိုဒ်သေးတဲ့ဘရာကို အချိန်အကြာကြီးဝတ်မိပါက ပခုံးက တစ်သျှူးစအနုလေးတွေကို ဖိအားတွေတအားဖြစ်စေလို့ ပခုံးအနေအထားမူမမှန်မှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။

Image Source: BrightSide

By MyStyle Myanmar