အလှအပနဲ့ ပတ်သက်လာရင် အများစု ပြောလေ့ရှိကြ၊ ကြားဖူးကြမယ့် စကားကတော့ ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ မအိပ်နဲ့ဆိုတာပါပဲ။ ညလုံးပေါက် မိတ်ကပ်လိမ်းပြီး အိပ်တာက မျက်နှာတင်သာမက ကိုယ့်ရဲ့အိပ်ရာကိုလည်း ပျက်စီးစေပါတယ်။

အဲ့တာကြောင့်မို့ မမေ့အောင်လို့ ညဖက်တွေမှာ မိတ်ကပ်မဖျက်ဘဲ ဒီတိုင်းအိပ်မိခြင်းရဲ့ ဆိုးကျိုးတွေကို ပြန်ထပ်ဆောင်း ပြောပြပေးချင်ပါတယ်။

၁။ ချွေးပေါက်ပိတ်စေခြင်း

မိတ်ကပ်ပစ္စည်းအများစုမှာ ဆီလီကွန် သို့မဟုတ် acrylics တို့ ပါဝင်တာကြောင့် ချွေးပေါက်တွေကို ပိတ်စေပါတယ်။ အဲ့ဒီပါဝင်ပစ္စည်းတွေက ချွေးပေါက်ထဲမှာ စုဝေးနေပြီး ဘက်တီးရီးယားတွေ အဆီတွေကို ပိတ်သွားစေပါလိမ့်မယ်။ အဲ့တာကတွေနေမှ ချွေးပေါက်ပိတ်တာတွေဖြစ်စေတာပါ။

၂။ ဝက်ခြံတွေထွက်စေခြင်း

အိပ်ရာမဝင်ခင် မိတ်ကပ်မဖျက်ဘူးဆိုရင် အသားအရေက အောက်ဆီဂျင်ရတာ နည်းသွားပါလိမ့်မယ်။ အဲ့ဒီကနေမှ စုဝေးလာတာ များသွားပြီဆိုရင် ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။

၃။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း

မိတ်ကပ်ထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတချို့က အသားအရေကို အိုမင်းရင့်ရော်နှုန်း မြန်ဆန်စေနိုင်ပါတယ်။

၄။ မျက်လုံးတွေကျိန်းစပ်စေပြီး မျက်တောင်တွေ ပျက်စီးစေခြင်း

မျက်စိဆရာဝန်တွေ အမြဲတမ်းပြောလေ့ရှိကြတာက မျက်လုံးမိတ်ကပ်တွေမှာ formaldehyde နဲ့ တခြားသတ္တုဓာတ်တွေ အဆိပ်အတောက်တွေ ပါဝင်နေတာမို့ မသန့်ရှင်းဘဲ အိပ်လိုက်မယ်ဆိုရင် အသားအရေတွေ ယားယံလာပြီး မျက်တောင်တွေ ကျွတ်လွယ်လာပါလိမ့်မယ်။ အထူးသဖြင့် မျက်တောင်ကော့ဆေးတွေကို မှန်မှန်မဖျက်ဘူးဆိုရင်တော့ မျက်လုံးရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၅။ နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲလာခြင်း

နေ့လည်နေ့ခင်းချိန်မှာ နှုတ်ခမ်းနီလိမ်းထားတာက စားတာသောက်တာနဲ့ ပျက်သွားနိုင်ပေမယ့် ညအိပ်တဲ့အချိန်မှာ မဖျက်ဘဲ လိမ်းပြီးအိပ်မိရင်တော့ နှုတ်ခမ်းက အစိုဓာတ်တွေကို နှုတ်ခမ်းနီက စုပ်ယူသွားပါလိမ့်မယ်။ အဲ့အခါ မနက်မိုးလင်းကျ အိပ်ရာနိုးလို့ မှန်ထဲကြည့်လိုက်ရင် သင့်နှုတ်ခမ်းက ခြောက်သွေ့အက်ကွဲနေတာကို မြင်တွေ့ရနိုင်ပါတယ်။

၆။ ဆံပင်နဲ့ အသားအရေကို အဆီပြန်စေခြင်း

အထူးသဖြင့် အဆီပြန်တတ်သူတွေအနေနဲ့ သူတို့ရဲ့ အသားအရေ ပိုပြီးဆိုးမသွားချင်ရငတော့ ကျိန်းသေပေါက်ကို မိတ်ကပ်ဖျက်ပြီးမှ အိပ်ဖို့လိုအပ်ပါတယ်။

Source: Brightside