ဒီကနေ့ခေတ်ကြီးမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးရဖို့ ကျား၊မ ခွဲခြားဆက်ဆံမှုမရှိဖို့ အမျိုးသမီးတွေလည်း တိုက်ပွဲဝင်နေကြပါတယ်။ ထိတ်တန်းရာထူးနေရာတွေမှာ အမျိုးသားတွေနဲ့ တန်းတူ အမျိုးသမီးတွေ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဒီခေတ်ကြီးမှာ ရဲရင့်ပြီး ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတွေ အများကြီးပါ။

ထက်မြတ်တဲ့အမျိုးသမီးတွေ၊ ရဲရင့်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေ စိုးရိမ်လေ့မရှိတဲ့ အရာ (၈)ခုကိုမျှဝေပေးသွားပါမယ်။

ရည်းစားဟောင်းအကြောင်း

ရည်းစားဟောင်းဆိုတာ ရည်းစားဟောင်းပါပဲ။ အတိတ်က အချစ်ရေးဟာ လက်ရှိ သူ့ရဲ့ လုပ်ငန်းမှာ ဘာအနှောင့်ယှက်မှ မပေးနိုင်သလို သူ့ရဲ့ ပျော်ရွှင်မှုကိုလည်း မဟန့်တားနိုင်ပါဘူး။

ဖက်ရှင်

ဖက်ရှင်ဆိုတာ လူတိုင်းအတွက်လိုအပ်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ရဲရင့်တဲ့အမျိုးသမီးတွေဟာ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းတွေမဝတ်ရလို့ စိုးရိမ်တာမျိုးမရှိသလို သူ့ကိုယ်သူ ဖက်ရှင်ကျကျ မကျကျ ယုံကြည်မှု ကင်းမဲ့တာမျိုး ဖြစ်လေ့မရှိပါဘူး။

လူမှုကွန်ရက်

ရဲရင့်တဲ့အမျိုးသမီးတွေလည်း လူမှုကွန်ရက်ကို အသုံးပြုကြပါတယ်။ သူတို့တင်ထားတဲ့ ဓာတ်ပုံအတွက် Like ဘယ်လောက်ရတယ်။ comment, react ဘယ်လောက်ရတယ်ဆိုတဲ့အပေါ် သူတို့ စိုးရိမ်လေ့မရှိသလို လူမှုကွန်ရက်စာမျက်နှာပေါ်က လူတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ သူတို့ရဲ့ တန်းဖိုးကို သတ်မှတ်ပေးတယ်လို့လည်း ခံယူလေ့မရှိပါဘူး။

ပြည့်စုံတဲ့ ခန္ဓာကိုယ်ရှိခြင်းမရှိခြင်း

ထက်မြတ်ပြီး ရဲရင့်တဲ့အမျိုးသမီးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အရွယ်အစား ဘယ်လိုပဲရှိနေပါစေ ဒါဟာ သူတို့ရဲ ဉာဏ်ပညာ အရည်အချင်းကို ထုတ်ဖော်ပြသတယ်လို့ ခံယူလေ့မရှိသလို အဲဒီအပေါ်မှာလည်း စိုးရိမ်စိတ်မရှိပါဘူး။

အတိတ်ကအမှားတွေ

လူတိုင်း မှားဖူးကြပါတယ်။ ထက်မြတ်ပြီး ရဲရင့်တဲ့အမျိုးသမီးတွေဟာ အတိတ်ကအမှားတွေအတွက် ထပ်ခါထပ်ခါ စိုးရိမ်နောင်တရတာမျိုးမရှိပါဘူး။ အမှားတွေကနေ လူတွေဟာ သင်ယူရပြီး ပိုပြီးတော်လာကြတယ်လို့ ခံယူထားကြလို့ပါပဲ။

တခြားသူတွေရဲ့ ထင်မြင်ယူဆချက်

တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ သင့်ကို ပျော်ရွှင်မှုတွေ မဖန်တီးပေးနိုင်ဘူးလို့ရဲရင့်တဲ့ အမျိုးသမီးတွေ ယုံကြည်ကြပါတယ်။ သူတို့မှာ ကိုယ်ပိုင် ပန်းတိုင် ရည်ရွယ်ချက်ရှိကြပါတယ်။ တခြားသူတွေ ဘာပြောပြော သူတို့ရဲ့ ပန်းတိုင် ရည်မှန်းချက်တွေ ယိုင်လဲမသွားပါဘူး။